Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း၌ ကျပ်သိန်းပေါင်း ၁၉ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိသောစိတ်ကြွရူးသွပ်ဆေး ပြားများအား တွေ့ရစဉ်(တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း မေ ၃၀ရက်က ကျပ်သိန်းပေါင်း ၁၉ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ကညင်တန်း(အလယ်)ကျေးရွာရှိ နေအိမ်တစ်လုံးအား သတင်းအရ သွားရောက်စစ်ဆေး ရှာဖွေရာ နေအိမ်အတွင်း ပီနံအိတ် ၃၅ ထုပ်ဖြင့်ထုပ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း သိန်း ၇၀ နှင့်  ၉ သောင်းပြားကျော် (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၄ ဒသမ ၂ ဘီလီယံကျော်)နှင့် အတူ လူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိသောစိတ်ကြွရူးသွပ်ဆေး ပြားများအား တွေ့ရစဉ်(တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ထိုပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဆတ်-မိုင်းတွမ်းကားလမ်း၌ သတင်းအရ ပူးပေါင်းအဖွဲ့က မေ ၃၀ရက် နေ့လယ် ၁၁ နာရီခန့်တွင်  မိုင်းဆတ်ဘက်မှ မိုင်းတွမ်းဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်အား ရပ်တန့် ၍ ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်ဂွကြား၌ ဆာလာအိတ်ဖြင့်ထည့်ထားသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ပြားကိုလည်းကောင်း၊ နေ့လယ် ၁၁ နာရီခွဲခန့်တွင် အလားတူဘက်မှ မောင်းနှင်လာသော မသင်္ကာဖွယ် Toyota Revo  အမျိုးအစား မော်တော် ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းမှာ ယာဉ်အားထားခဲ့ပြီး ထွက်ပြေးသွား ခဲ့သဖြင့် ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း သိန်း ၃၀ ပြားခန့်ကို လည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ၊ယင်း သိမ်းဆည်းရမိသည့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်း၏ ခန့်မှန်းတန်ဖိုးမှာ (သိန်းပေါင်း ၄ သောင်း ၈ ထောင်ကျော်) ရှိကြောင်း သိရသည်။အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မောင်တောမြို့မ ရဲစခန်းနှင့် မိုင်းဆတ်မူးယစ်တပ်ဖွဲ့စုသို့ တရားဥပဒေအရ အရေးယူနိုင်ရေး စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117