ပေကျင်း၊မေ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးကိုသာ အောင်မြင်မှု ရရှိအောင် အမြန်ဆုံးကြိုးပမ်းသွားရမည်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းထံသို့ နောက်ဆုံးရာဇသံပေးပို့ရမည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ မေ ၂၁ ရက်(ဆင်ဟွာ) ချင်းပြည်နယ် ဖလမ်း(ဆူရ်ဘုန်) လေဆိပ်အား ယခုနှစ် ဇွန်လကုန်တွင် လုပ်ငန်းများ ပြီးစီးကာ စက်တင်ဘာလတွင် ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စည်ပင်သာယာရေး ၊ လျှပ်စစ် နှင့် စက်မှု ဝန်ကြီး ဦးစိုးထက်က...
ထျန်းကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ) ဆွစ်ဇာလန်နိုင်ငံ အစားအသောက်လုပ်ငန်းကြီးဖြစ်သော Nestle သည် တရုတ်နိုင်ငံတွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ခိုင်မာစေရန် ယွမ် သန်း ၇၃၀ (အမေရိကန်ဒေါ်လာ ၁၀၂ သန်းခန့်) ရှိသော နောက်ထပ် ထပ်မံ တိုးမြှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း မေ...
နေပြည်တော်၊ မေ ၂၁ ရက် (ဆင်ဟွာ) ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များအပေါ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အကြံပြု တင်ပြချက်နှင့် ပြည်ထောင်စု လွှတ်တော်၏ သဘောထားများအရ ခေတ္တ ဆိုင်းငံ့ထားရန် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ကြေညာခဲ့သည်။
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါဖုကျေးရွာအနီးဒေါလော်ခူတောင်အဆင်းတွင် မေ ၂၀ရက် ည ၆နာရီ ၃၀ မိနစ်ခန့်က ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒီမော့ဆိုမြို့ နယ်ရဲစခန်းထံမှ သိရသည်။
နယူးဒေလီ ၊ မေ ၂၁ ရက်(ဆင်ဟွာ) စူပါဆိုက်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် အနည်းဆုံး လူ ၁၀ ဦးမှ ၁၂ ဦးထိ သေဆုံးခဲ့ကြောင်း အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ပြည်နယ် ဖြစ်သည့် အနောက်ဘန်ဂေါပြည်နယ် ဝန်ကြီးချုပ် Mamata Banerjee က မေ ၂၀...
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်နေသည့် ၂၀၂၀ AFC ဖလား ပြိုင်ပွဲ လက်ကျန်ပွဲစဉ်များ ကျင်းပမည့်အစီအစဉ်အတွက် ပြန်လည် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
ပေကျင်း ၊ မေ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး စစ်မြေပြင်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ဦးဆောင်မှုအခန်းကဏ္ဍတစ်ခုကို ဆက်လက်ထောက်ခံအားပေးသွားပြီး မြန်မာ နှင့် အခြားသောကမ္ဘာ့နိုင်ငံများနှင့်အတူ ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက အသင့်ရပ်တည်သွားမည်ဖြစ်ကြောင်း မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သော တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကို မြို့တော် ပေကျင်း၌ မေ ၂၁ ရက် မွန်းလွဲပိုင်းတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က မေလ ၁၉ ရက် တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညီလာခံ၌ အဖွဲ့ဝင်အားလုံး အတည်ပြု ခဲ့သည့်...