Connect with us

Economy

တရုတ်နိုင်ငံတွင် Nestle က အမေရိကန်ဒေါ်လာ ၁၀၂ သန်း ထပ်မံရင်းနှီးမြှုပ်နှံ

ဆွစ်ဇာလန်နိုင်ငံ Vevey မြို့ရှိ Nestle ရုံးချုပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ)

ဆွစ်ဇာလန်နိုင်ငံ အစားအသောက်လုပ်ငန်းကြီးဖြစ်သော Nestle သည် တရုတ်နိုင်ငံတွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ခိုင်မာစေရန် ယွမ် သန်း ၇၃၀ (အမေရိကန်ဒေါ်လာ ၁၀၂ သန်းခန့်) ရှိသော နောက်ထပ် ထပ်မံ တိုးမြှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း မေ ၂၀ ရက်က ကြေညာလိုက်သည်။

စက်ရုံအခြေပြု ကုန်ထုတ်လုပ်ရေးအဆောက်အအုံတစ်ခု တည်ဆောက်ရေးနှင့် ဒေသတွင်း တိရစ္ဆာန်အစာစက်ရုံ ထုတ်လုပ်မှု မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို Nestle နှင့် ထျန်းကျင်း စီးပွားရေး-နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနယ်မြေ (TEDA) စီမံခန့်ခွဲမှုကော်မတီတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ကုန်ထုတ်လုပ်မှုအပိုင်းအနေဖြင့် တစ်နှစ်လျှင် တန်ချိန် ၈,၀၀၀ ထိ ထုတ်လုပ်ရန် ပုံစံထုတ်လုပ်ထားပြီး အာရှတွင် Nestle ၏ ပထမဆုံး ထုတ်လုပ်မှုအမျိုးအစား ဖြစ်လာမည် ဖြစ်သည်။Nestle သည် ၎င်း၏ပထမဆုံး စက်ရုံကို တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ၁၉၉၄ ခုနှစ်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117