Connect with us

Politics, Law & Military

တရုတ် နိုင်ငံ အနေဖြင့် WHO အစည်းအဝေး မှ အတည်ပြု ခဲ့သည့် COVID-19 ရောဂါ ဆိုင်ရာ အတည်ပြုချက်အား ဘက်စုံ တိကျစွာ အကောင်အထည်ဖော်သွားရန် မျှော်လင့်ကြောင်း ပြောကြား

ပေကျင်း ၊ မေ ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က မေလ ၁၉ ရက် တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညီလာခံ၌ အဖွဲ့ဝင်အားလုံး အတည်ပြု ခဲ့သည့် COVID-19 ရောဂါ ဆိုင်ရာ အတည်ပြုချက် နှင့် ပတ်သက်၍ တရုတ် နိုင်ငံ အနေဖြင့် ကြိုဆိုကြောင်း နှင့် ယင်း အတည်ပြုချက်အား ဘက်စုံ တိကျစွာ အကောင်အထည် ဖော်သွားရန် မျှော်လင့်ကြောင်း မေ ၂၀ ရက်တွင်ပြောကြား ခဲ့သည်။

ကျောက်လိကျင်း က အတည်ပြုချက်အရ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ အရေးပါသည့် ဦးဆောင်မှု ကို သိသာထင်ရှားစွာ ထောက်ခံမှု ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံများအား ခွဲခြားဆက်ဆံမှု မပြုလုပ်ရန် ၊ နာမည်ဖျက်ခြင်း မပြုလုပ်ရန် နှင့် မှားယွင်မှု နှင့် သတင်းအချက်အလက် အမှားများ ကို တိုက်ဖျက်ရန် ထောက်ပြပေးခဲ့ကြောင်း ၊ အတည်ပြုချက်အရ ရောဂါစစ်ဆေးမှု ကိရိယာ သုတေသန ဆောင်ရွက်ခြင်း ၊ ရောဂါ ကုသခြင်း ၊ ကာကွယ်ဆေး နှင့် ကုသဆေးများ ထုတ်လုပ်ခြင်း ၊ ရောဂါ စတင်ဖြစ်ပွားစေခဲ့သော တိရစ္ဆာန်များအား လေ့လာခြင်း စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ကြောင်း ၊ အတည်ပြုချက်တွင် ပါဝင်သည့် အချက်အလက်များသည် တရုတ် နိုင်ငံ ၏ ရပ်တည်ချက် နှင့် ကိုက်ညီပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရှိ နိုင်ငံ အများစု ၏ လိုလားချက် ဖြစ်ကြောင်း ၊ ထို့ကြောင့် တရုတ် နိုင်ငံ အနေဖြင့် ဆွေးနွေးမှု တွင် ထောက်ခံခဲ့သည့် အပြင် နိုင်ငံပေါင်း ၁၄၀ ကျော် နှင့် အတူတကွ အဆိုပြုချက်အား အတည်ပြု ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျောက်လိကျင်း က အချို့သော မီဒီယာ များ၏ မဟုတ်မှန်သော သတင်းများဖြင့် တရုတ် နိုင်ငံ က မလွှဲမရှောင်သာ၍ အတည်ပြုသည့် နိုင်ငံတွင် ပါဝင်ခဲ့ရသည် ဆိုသည့် ရေးသားဖော်ပြချက်များသည် အဓိပ္ပါယ် မရှိသော ရေးသားဖော်ပြချက်သာဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံအများစု နှင့် အတူတကွ ရပ်တည်၍ အချို့နိုင်ငံများ ၏ ကပ်ရောဂါ နှင့် ပတ်သက်၍ နိုင်ငံရေး အသွင်ဖော်ဆောင်လုပ်ကိုင်နေမှုကို တိုက်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း ၊  အတည်ပြုချက် ၏ တိကျမှန်ကန်မှု ကို ထိန်းသိမ်းပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အချို့သော နိုင်ငံများ အား လိမ်ညှာမှုများ ဆက်လက်မဆောင်ရွက်ရန် နှင့် မိမိ ၏ ကျရှုံးမှု အတွက် အကြောင်းပြချက် မရှာဖွေရန် တိုက်တွန်းလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)