Connect with us

Environment, Disasters & Accidents

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်း တောင်အဆင်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၃ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရရှိ

ဒီမော့ဆိုမြို့နယ်တွင် ဖြစ်ပွါးသော ယာဉ်တိမ်းမှောက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါဖုကျေးရွာအနီးဒေါလော်ခူတောင်အဆင်းတွင် မေ ၂၀ရက် ည ၆နာရီ ၃၀ မိနစ်ခန့်က ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒီမော့ဆိုမြို့ နယ်ရဲစခန်းထံမှ သိရသည်။

” ၃ဦးကတော့ ပွဲချင်းပြီးဆုံးသွားတယ်၊ ဒဏ်ရာရတဲ့လူတွေကတော့ မစိုးရိမ်ရပါဘူး” ဟု ဒီမော့ဆိုမြို့မစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။အဆိုပါ ယာဉ်သည်တောင်အဆင်းတွင် အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ယာဉ်ပေါ် ပါ အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၁ဦးသေဆုံးပြီး အခြားအမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ဦး ဒဏ်ရာရသွားကြောင်း နှင့် စိုးရိမ်စရာမရှိကြောင်း သိရသည်။

ဒီမော့ဆိုမြို့နယ်တွင် ဖြစ်ပွါးသော ယာဉ်တိမ်းမှောက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (မီးသတ်တပ်ဖွဲ့)

 ယင်းယာဉ်တိမ်းမှောက်မှုအား ဒီးမော့ဆိုမြို့နယ်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦးဖြင့် သွားရောက်ကူညီကယ်ဆယ်ခဲ့ပြီး ဒဏ်ရာရရှိသူများအား ငွေတောင်ပြည်နာရေးကူညီမှုအသင်း၊ ဖြူစင်မေတ္တာနာရေးကူညီမှုအသင်းတို့မှ လူနာတင်ယာဉ်မျာူဖြင့် ဒီးမော့ဆိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.