Connect with us

Sport

မြန်မာကလပ်အသင်းများ ပါဝင် ယှဉ်ပြိုင်နေသည့် ၂၀၂၀AFC ဖလား လက်ကျန်ပွဲများအတွက် အာရှဘောလုံးအဖွဲ့ချုပ် ပြန်လည်ထုတ်ပြန်မည်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်နေသည့် ၂၀၂၀ AFC ဖလား  ပြိုင်ပွဲ လက်ကျန်ပွဲစဉ်များ ကျင်းပမည့်အစီအစဉ်အတွက်  ပြန်လည် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

၎င်းက “အခုလတ်တလောမှာ အာဆီယံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဗီဒီယို ကွန်ဖရန့်အစည်းအဝေးတစ်ခု လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီရက်ပိုင်းထဲမှာ ဖြစ်မှာပါ။ သက်ဆိုင်ရာ အာဆီယံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တွေ၊ အတွင်းရေးမှူးတွေ တက်ရမှာပါ။ အာရှဘောလုံးအဖွဲ့ချုပ်က သြဂုတ်လနောက်ပိုင်းအထိတော့ ပြိုင်ပွဲတွေ အကုန်လုံးကိုရွှေ့ထားတယ်။ ရှေ့လုပ်ငန်းစဉ်တွေ ကို အဲဒီအစည်းအဝေးမှာ ဆွေးနွေးကြမှာပါ’’ ဟု ယနေ့ မေ ၂၁ ရက် တွင်ပြောကြားခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဒေသတွင်းနိုင်ငံများ၏ COVID-19 ရောဂါ ပျောက်ကင်းမှုအပေါ် မူတည်၍ ပြန်လည်ကျင်းပမည်ဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများအနက် ဗီယက်နမ်နိုင်ငံသည် ဒေသတွင်းလိဂ်ပြိုင်ပွဲများ  ပြန်လည် ကျင်းပရန် စီစဉ်လျက်ကြောင်း၊  အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ် AFC ဖလား ပြိုင်ပွဲကို ဇုန်အလိုက်ခွဲ၍ ကျင်းပလျက်ရှိပြီး အာဆီယံဇုန်အုပ်စုသုံးခုမှာ ပထမ အကျော့ပြီးဆုံးသွားပြီဖြစ်သော်လည်း အချို့အုပ်စုများမှာမူ ပွဲအနည်းငယ်သာ ကစားရသေးသလို အုပ်စုအချို့မှာလည်း တစ်ပွဲမျှပင်  ကစားရခြင်းမရှိသေး ကြောင်း သိရသည်။ 

ရန်ကုန်အသင်းသည် အုပ်စု(F)တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန် ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို)တို့နှင့် ကျရောက်နေကြောင်း၊ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (H) တွင် တမ်ပနိစ်ရိုဗာ(စင်ကာပူ)၊ ကာယာ (ဖိလစ်ပိုင်)၊ မာကာဆာ (အင်ဒိုနီးရှား)တို့နှင့် ကျရောက် နေကြာင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.