Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က COVID-19 တိုက်ဖျက်ရေးတွင် WHO ၏ ဦးဆောင်မှု အခန်းကဏ္ဍကို တရုတ်နိုင်ငံက ဆက်လက်ထောက်ခံအားပေးသွားမည်ဟု ပြောကြား 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်တို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး စစ်မြေပြင်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ဦးဆောင်မှုအခန်းကဏ္ဍတစ်ခုကို ဆက်လက်ထောက်ခံအားပေးသွားပြီး မြန်မာ နှင့် အခြားသောကမ္ဘာ့နိုင်ငံများနှင့်အတူ ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက အသင့်ရပ်တည်သွားမည်ဖြစ်ကြောင်း မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်နှင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုတစ်ခုပြုလုပ်စဉ် သမ္မတ ရှီက နိုင်ငံတကာဆက်ဆံရေး အခြေခံစည်းမျဉ်းစည်းများကမ်းများအပြင် နိုင်ငံတကာ တရားမျှတမှု နှင့် ဖြောင့်မတ်မှန်ကန်မှုတို့ကို ဆုပ်ကိုင်ကာ ခိုင်ခိုင်မာမာကြိုးပမ်းအားထုတ်သွားရန် နှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအတွက် ကပ်ရောဂါစစ်မြေပြင်ကို အနိုင်ယူနိုင်ရေး လက်ချင်းချိတ်ထားရန် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် မြန်မာအစိုးရနှင့် နယ်ပယ်ကဏ္ဍစုံမှ အဖွဲ့အစည်းများသည် တရုတ်နိုင်ငံအတွက် လက်ချင်းချိတ်၍ ကူညီဖေးမမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ရှီက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၌ ရောဂါကူးစက်မှုဖြစ်ပွားချိန်တွင် တရုတ်ပြည်သူများအနေဖြင့် စိတ်နှလုံးထိခိုက်ကာ ကိုယ်ချင်းစာနာခဲ့ရကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အထောက်အပံ့များကို အကြိမ်ပေါင်းများစွာ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း နှင့် မြန်မာဆေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းလုပ်ကိုင်ရန် တရုတ်ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် နှစ်ဖွဲ့ကို စေလွှတ်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းမှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၏ အတူတကွ ယှဉ်တွဲရပ်တည်မှုကို အပြည့်အဝ ဖော်ညွှန်းပြသခြင်းဖြစ်ကြောင်း ၊ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ကူညီမှုပင်ဖြစ်ကြောင်း နှင့် ကံကြမ္မာအကျိုးတူ လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် မည်သို့သော အနေအထားတွင်ဖြစ်စေ တရုတ်-မြန်မာ နှစ်နိုင်ငံ အတူတကွဖြတ်သန်းခြင်းလည်းဖြစ်ကြောင်း ၎င်းက မီးမောင်းထိုးပြခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံအတွက် လိုအပ်ချက်များကို ထောက်ပံ့ပေးရန် လုပ်နိုင်သမျှ အစွမ်းကုန် ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး မြန်မာပြည်သူများအနေဖြင့် ကပ်ရောဂါကို အောင်မြင်စွာကျော်လွှာနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ရှီက ဆိုသည်။

ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့်အခါသမယ ဖြစ်ကြောင်း နှင့် ၎င်းအနေဖြင့် ပြီးခဲ့သော ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ အောင်မြင်သော ချစ်ကြည်ရေးခရီးစဉ်တစ်ခု သွားရောက်ခဲ့ကြောင်း ၊ ယင်းခရီးစဉ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခုတည်ဆောက်ရန် သဘောတူညီခဲ့ကြကြောင်း  ရှီက ပြောကြားခဲ့သည်။အဆိုပါ ခရီးစဉ် ရလဒ်ကောင်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နှစ်ဖက်အနေဖြင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ သမ္မတဦးဝင်းမြင့်က မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးအပါအဝင် WHO နှင့် အခြားသော ကမ္ဘာ့နိုင်ငံများသို့ တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှု နှင့် အကူအညီများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါကို ရင်ဆိုင်ရာတွင် နိုင်ငံအားလုံးအနေဖြင့် အတူတကွပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သင့်ကြောင်း နှင့် နိုင်ငံတစ်ခုချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးအပါအဝင် နိုင်ငံတကာတရားမျှတမှုကို ဆုပ်ကိုင်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုသည် လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် နှစ်ဖက်ကြိုးပမ်းအားထုတ်မှု၏ ရောင်ပြန်ဟပ်မှုတစ်ခုပင်ဖြစ်ကြောင်း မြန်မာနိုင်ငံ သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာဆက်လက်ဆုပ်ကိုင်သွားမည်ဖြစ်ကြောင်း နှင့် ပြီးခဲ့သော ဇန်နဝါရီလက မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်လာရောက်လည်ပတ်စဉ်က ရရှိခဲ့သော ရလဒ်များအား လုပ်ငန်းအကောင်အထည်ဖော်မှုကို တရုတ်နိုင်ငံနှင့်အတူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ နယ်ပယ်ကဏ္ဍမျိုးစုံတွင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် မြန်မာ နှင့် တရုတ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆံရေးကို တိုးတက်အောင် ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.