ရန်ကုန် ၊ မေ ၁၀ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ဗီယက်နမ်နိုင်ငံသို့ ယနေ့မေ ၁၀ ရက် မွန်းလွဲပိုင်းတွင် မြန်မာ အမျိုးသား လေကြောင်းလိုင်းဖြင့် ထွက်ခွာ သွားကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မေ ၁၀ ရက်(ဆင်ဟွာ) ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ဇွန်လ ၈ ရက်မှ ၁၃ ရက် အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့ကျောက်မျက် ရတနာ ပြပွဲ ဗဟိုကော်မတီမှ ထုတ်ပြန် ကြေညာခဲ့သည်။
နယူးဒေလီ၊ မေ ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်ကထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ Sopore ခရိုင်တွင် ရင်ဆိုင်တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ရာ အလိုရှိဆုံး အကြမ်းဖက်သမား ဇာကာမူဆာ (Zakir Moosa) ၏ အနီးကပ်လက်ထောက်တစ်ဦးဖြစ်သူ အိုင်အက်စ်တပ်မှူး အစ္စရှ်ဖက် အာမတ် ဆိုဖီ (Ishfaq Ahmad Sofi) သေဆုံးသွားခဲ့ကြောင်း အိန္ဒိယ...
ဘဂ္ဂဒက်၊ မေ ၁၀ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ ၏ မြို့တော် ဘဂ္ဂဒက်မြို့ ၏ အရှေ့ ပိုင်း Sadr City ရပ်ကွက် ရှိ ဈေးတွင် မေလ ၉ ရက် က အသေခံဗုံးခွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားခဲ့ရာ လူ၈ ဦးသေဆုံးခဲ့ပြီး လူ...
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ရှောင်တခင်စစ်ဆေးခဲ့ရာ စက်ရုံအချို့အား ယာယီရပ်ဆိုင်းအရေးယူခဲ့ပြီး ပြင်ဆင်ရန် ညွန်ကြားခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဟန်ကျိုး၊ မေ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် ကျင်းပနေသည့် စက်ရုပ်ထိပ်သီးပြပွဲတွင် မေလ ၉ ရက်က တန်ဖိုးအားဖြင့် ယွမ် ၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံ) ကျော်ရှိသော ရင်းနှီးမြှုပ်နံှမှု စီမံကိန်း သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ကာရာကာ့စ် ၊ မေ ၁၀ ရက်(ဆင်ဟွာ) အမေရိကန် အစိုးရ၏ ပိတ်ဆို့အရေးယူများကြောင့် ဗင်နီဇွဲလား နိုင်ငံ၌ ပိုမို များပြားသည့် ကလေးငယ်များမှာ အန္တရာယ်များဖြင့် ကြုံတွေ့နေရကြောင်း ဗင်နီဇွဲလား အမျိုးသား လူ့အခွင့်အရေး ကောင်စီ၏ အမှုဆောင် အတွင်းရေးမှူးက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ၁၈၈၂ ခုနှစ်တွင် ဗစ်တိုးရီးယားခေတ် ဗိသုကာလက်ရာဖြင့် တည်ဆောက်ခဲ့သော ရန်ကုန်မြို့ ဒဂုံမြို့နယ် စကားဝါလမ်း၏ ရုရှားသံရုံးရှေ့တွင်ရှိသည့် ပဲခူးကလပ် အဆောက်အအုံအား ရန်ကုန်မြို့ ပြအမွေအနှစ်တစ်ခု အဖြစ် ယခုလကုန်တွင် အပြာရောင်ကမ္ပည်းပြားတပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်၊ မေ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲသည် အမေရိကန်နိုင်ငံနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ၁၁ ကြိမ်မြောက် အဆင့်မြင့် ဆွေးနွေးညှိနှိုင်းမှုများအတွက် မေလ ၉ ရက်က ဝါရှင်တန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
တိုကျို ၊ မေ ၁၀ ရက် (ဆင်ဟွာ) ဂျပန် နိုင်ငံ Miyazaki စီရင်စု တွင် မေလ ၁၀ ရက် နံနက်ပိုင်း အချိန် ၌ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး ဒေသအများအပြား တွင် ပြင်းထန်စွာ...