ရီချန်း၊ မေ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ပိုင်းရန် ယန်စီမြစ်ဖြတ်ကျော် ယာဉ်သွားလမ်းတံတားကြီး တည်ဆောက်မှုကို အလုပ်သမားနေ့ ရုံးပိတ်ရက်ကာလမှာပင် အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ်သားဝန်ထမ်းများကလည်း နားရက်မယူ အချိန်လုကာ ယခုနှစ်အတွင်း တံတားလမ်းဖွင့်လှစ်နိုင်အောင် အားသွန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝါရှင်တန် ၊ မေ ၃ ရက်(ဆင်ဟွာ) COVID-19 သည် လူသားတို့ ဖန်တီးထားသောရောဂါဖြစ်ပြီး ဓာတ်ခွဲခန်းတစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်နိုင်သည်ဟူသော အချို့အမေရိကန်နိုင်ငံရေးသမားများ နှင့် မီဒီယာများ၏ မကြာသေးမီက ပြောဆိုချက်များအတွက် မည်သည့် “ သိပ္ပံ အထောက်အထားမျှ မရှိ” ကြောင်း သိပ္ပံပညာရှင်းများက ထုတ်ဖော်ပြောကြားခဲ့သည်။
ဘာလင်၊ မေ ၃ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံးလက်တွဲပူးပေါင်းကာ COVID-19 ကာကွယ်ဆေး သုတေသနပြု ထုတ်လုပ်ကြရန် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ဧပြီ ၂ ရက်တွင် ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်တွန်းပြောကြားခဲ့သည်။
ဟန်ကျိုး ၊ မေ ၃ ရက်(ဆင်ဟွာ) ယာဉ်အသွားအလာ ကျိုးတို့ကျဲတဲ ၊ လူသူကင်းမဲ့သော လမ်းမများ ၊ မှတ်တိုင်ဘူတာရုံများ နှင့် ဈေးဝယ်စင်တာများ၌ အနည်းအကျဉ်းသော လူစုများဖြင့် တရုတ်နိုင်ငံ၏ ယခုနှစ် နွေဦးရာသီ ပွဲတော်မှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပြန့်နှံ့လာမှုနှင့်အတူ ယခင်နှစ်များနှင့်မတူဘဲ တိတ်ဆိတ်ငြိမ်သက်ခဲ့ရသည်။
ပေကျင်း ၊ မေ ၃ရက် (ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) သည် နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်တွင် ခြေကုပ်ယူခဲ့ပြီးဖြစ်ရာ ကူးစက်ရောဂါ၏ ခြိမ်းခြောက်မှုသည် အမှန်စင်စစ် ရောက်ရှိလို့ လာခဲ့ပါပြီ။ ၎င်းသည် ကပ်ရောဂါတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သော်လည်း ထိန်းချုပ်၍ ရနိုင်ပါသည်။
ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ရောဂါအများဆုံးဖြစ်ပွားခဲ့သော နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်နှင့် ပြည်နယ်မြို့တော် ဝူဟန့်တို့သည် တရုတ်ပြည်သူ ၁.၄ ဘီလီယံ၏ အားပေးထောက်ပံ့မှုကို ရရှှိခဲ့ကြောင်း ကျန်းမာရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တရုတ် ငါတို့ ဗိုင်းရပ်စ်အသစ်တွေ့ထားတယ် အမေရိကန် အဲဒီတော့ဘာဖြစ်လဲ တရုတ် အဲဒါက အန္တရာယ်ရှိတယ် အမေရိကန် တုပ်ကွေးလေးပဲဟာကို တရုတ် နှာခေါင်းစည်းဝတ်ရမယ် အမေရိကန် နှာခေါင်းစည်းဝတ်ဖို့မလိုဘူး
ရန်ကုန် ၊ မေ ၂ ရက်(ဆင်ဟွာ) ပြည်တွင်းရှိ ဆေးရုံများ၌ တိုးပွားလာသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တစ်ခါသုံး ခွဲစိတ်ခန်းသုံး ဝတ်စုံ(surgical gowns)များအား ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ တစ်ခုက ချုပ်လုပ်လျက် ရှိကြောင်း သိရသည်။
ဆစ်ဒနီ၊ မေ ၂ ရက် (ဆင်ဟွာ) ခီရီဘာတီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် ကူညီရန် တရုတ်နိုင်ငံ၏ အကူအညီတစ်စိတ်တစ်ပိုင်းအဖြစ် ပထမအသုတ် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများကို ခီရီဘာတီနိုင်ငံက မေ ၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။