ဝါရှင်တန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ်၌ ဇန်နဝါရီ ၂၃ ရက်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူအများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး သံသယ ရှိသူကို ဖမ်းဆီးမိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နေပြည်တော်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ – ၂၀၁၄ (Association Registering Law – 2014) အား အကျိုးထိရောက်စွာ အကောင်အထည် ဖော်နိုင်၊ အသုံးပြုနိုင်ရေးအတွက် အဆိုပါ ဥပဒေဆိုင်ရာ လမ်းညွှန် စာအုပ် (Guide book) ထုတ်ဝေရန်...
ခါတုမ်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ မြို့တော် Khartoumမြို့ တောင်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ကလေးငယ် ၂ဦးသေဆုံးပြီး အခြားလူ ၅၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆူဒန်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၃ရက် ကပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ(Nancy Pelosi) က အစိုးရယန္တရားရပ်ဆိုင်းမှု အားလုံး ပြန်လည် မဖွင့်မချင်း သမ္မတထရမ့်အနေဖြင့် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားမှုကို ၎င်းအနေဖြင့် လက်ခံဆောင်ရွက်ပေးသွားမည်မဟုတ်ကြောင်း ၊ လာမည့် ဇန်နဝါရီ ၂၉ ရက်တွင် ပြုလုပ်မည့် ထရမ့်၏...
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာအနေဖြင့် ပြည်သူလူထု အတွက် One Stop Service စီမံဆောင်ရွက် ပေးနိုင်မှုများ ဆောင်ရွက်ရမည် ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက စည်ပင်သာယာရေးအဖွဲ့များ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။
ရီယိုဒီဂျနေရိုး၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံအနေဖြင့် စိုက်ပျိုးရေးပို့ကုန်များအားတိုးချဲ့တင်ပို့နိုင်ရန် အတွက် ကုန်သွယ်ရေးမစ်ရှင်အဖွဲ့များအား အာရှ နှင့် ဥရောပသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ဘရာဇီးအစိုးရ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဝန်ကြီး ထရီဇာခရစ္စတီးနား (Tereza Cristina) က ဇန်နဝါရီ လ ၂၂ ရက်နေ့တွင်ပြောကြားခဲ့သည်။
ရာဘတ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းအဖွဲ့အစည်းများနှင့် အကြမ်းဖက်လုပ်ရပ်များကို ငွေကြေးထောက်ပံ့သူအဖြစ် သံသယရှိသူ ပြင်သစ်-အယ်လ်ဂျီးရီးယား အမျိုးသားတစ်ဦးကို မော်ရိုကိုနိုင်ငံ အာဏာပိုင်များက ဇန်နဝါရီ ၂၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကျင်းပရန် တော်ဝင်ခွင့်ပြုမိန့်အား ဇန်နဝါရီလ ၂၃ ရက်က ထုတ်ပြန်လိုက်ပြီး ရွေးကောက်ပွဲအား လာမည့် ငါးရက်အတွင်း ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဇန်နဝါရီ ၂၂ ရက်က ကျပ်သိန်း ၃၈၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
ဂျေရုစလင် ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) ဂါဇာကမ်းမြောင် ဒေသတွင် မငြိမ်သက်မှုများ ဆက်လက် ဖြစ်ပွားနေမည် ဆိုပါက ၎င်း၏ တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်း အစ္စရေး စစ်ဘက်က ဇန်နဝါရီ ၂၂ ရက်တွင် သတိပေး လိုက်ကြောင်း သိရသည်။