Connect with us

WORLD

COVID-19 ကာကွယ်ဆေးသုတေသနပြုထုတ်လုပ်ရေး တစ်ကမ္ဘာလုံးလက်တွဲပူးပေါင်းဆောင်ရွက်ကြရန် ဂျာမနီ ဝန်ကြီးချုပ် တိုက်တွန်း

ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် မတ် ၁၈ ရက်တွင် ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ မေ ၃ ရက်(ဆင်ဟွာ) 

တစ်ကမ္ဘာလုံးလက်တွဲပူးပေါင်းကာ COVID-19 ကာကွယ်ဆေး သုတေသနပြု ထုတ်လုပ်ကြရန် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ဧပြီ ၂ ရက်တွင် ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်တွန်းပြောကြားခဲ့သည်။ 

ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ရာ ဂျာမနီနိုင်ငံ အနေဖြင့် WHO နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအနေဖြင့် ဘက်ပေါင်းစုံအတူကြိုးပမ်းဆောင်ရွက်မှသာ နိုင်ငံအသီးသီးတွင် ကပ်ရောဂါကို အနိုင်တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း အိန်ဂျလာမာကဲလ်က ဆိုသည်။

 COVID-19 ကာကွယ်ဆေး စမ်းသပ်ကို စေတနာ့ဝန်ထမ်းတစ်ဦးက ခံယူနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ကမ္ဘာတစ်ဝန်းလုံးတွင် ကူးစက်ပျံ့နှံနေသည့် ကပ်ရောဂါကြီးဖြစ်ရာ နိုင်ငံအသီးသီးအနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ပြီး မိမိဘာသာ တစ်သီးပုဂ္ဂလ ရောဂါတိုက်ဖျက်၍ မရကြောင်း ၊ မတ်လကုန်က ကျင်းပခဲ့သည့် G20 နိုင်ငံ ခေါင်းဆောင်များ အထူးထိပ်သီးဆွေးနွေးပွဲတွင် ဆေးဝါးနှင့်ကာကွယ်ဆေး သုတေသနပြုထုတ်လုပ်ခြင်းအပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် နိုင်ငံအသီးသီးက သဘောတူပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

COVID-19 ကာကွယ်ဆေး သုတေသပြုထုတ်လုပ်ရေးသည် နိုင်ငံအသီးသီး ပူးပေါင်းလက်တွဲဆောင်ရွက်မည့် အခွင့်အလမ်းဖြစ်ရုံသာမက မဖြစ်မနေ ထိုသို့ ဆောင်ရွက်ရမည်လည်းဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ကာကွယ်ဆေးကို လူတိုင်းအားလုံး အကျိုးခံစားခွင့်ရှိစေရန်လည်း အာမခံသင့်ကြောင်း အိန်ဂျလာမာကဲလ်က ဆိုသည်။ 

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen၏ ဖိတ်ကြားချက်အရ မေ ၄ ရက် တွင် ကျင်းပမည့် အွန်လိုင်းရန်ပုံငွေ စုဆောင်းမှုဆိုင်ရာ အစည်းအဝေးကို ဂျာမနီနိုင်ငံက ပူးတွဲကြီးမှူးကျင်းပသည့်နိုင်ငံအနေဖြင့် ပါဝင်တက်ရောက်သွားမည်ဖြစ်ပြီး COVID-19 ကာကွယ်ဆေး သုတေသပြုထုတ်လုပ်ရန်အတွက် ရန်ပုံငွေ စုဆောင်းပေးမည်ဖြစ်ကြောင်း နှင့် ဂျာမနီနိုင်ငံအနေဖြင့်လည်း ရန်ပုံငွေလှူဒါန်းထောက်ပံ့ပေးမည်ဖြစ်ကြောင်း မာကဲလ်က ဆက်လက် ပြောကြားခဲ့သည်။(Xinhua)