မိုနာကို၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မိုနာကိုနိုင်ငံ မင်းသားကြီး အယ်လ်ဘတ် ၂ (Albert II) တို့သည် မိုနာကိုနိုင်ငံ၌ မတ်လ ၂၆ ရက်က တွေ့ဆုံကာ တရုတ်-မိုနာကို ဆက်ဆံရေး ခိုင်မာရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
နီယာမေ ၊ မတ် ၂၆ ရက်(ဆင်ဟွာ) နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း Diffaပြည်နယ်ရှိ ကျေးရွာ ၃ ခုကို မတ် ၂၃ရက်က ဘိုကိုဟာရမ် အစွန်းရောက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အရပ်သား ၁၄ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျာ လုံခြုံရေးဌာနဌာနက မတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၂၆ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှစတင်၍ လျှောက်လွှာများ လက်ခံ ဆောင်ရွက်ခဲ့ရာ စတင်ဆောင်ရွက်ချိန်မှ ၂၀၁၉ ခုနှစ် မတ် ၂၁ ရက်အထိ လျှောက်ထားသူ စုစုပေါင်း ၅၉၃ ဦး...
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်း မိုးကောင်းနှင့် ထိုပူးဘူတာကြားတွင် ထိုပူးဘူတာမှ ထွက်ခွာလာသည့် အဆန်ကုန်ရထားတွဲချော်ကျမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကာရာကာ့စ် ၊ မတ် ၂၆ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Jorge Rodriguez က နိုင်ငံ၏အဓိက ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ Guri သည် နောက်ထပ်တစ်ဖန် အဖျက်အမှောင့်လုပ်ငန်းနှင့် ထပ်မံကြုံတွေ့ခဲ့ရကြောင်း ၊ နိုင်ငံအတွင်းရှိ ဒေသများစွာတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ၊ သို့သော် အာဏာပိုင်များအနေဖြင့်...
ဝါရှင်တန် ၊ မတ် ၂၆ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မတ်လ ၂၅ ရက် ၌ အစ္စရေး နိုင်ငံ မှ ဂိုလန်ကုန်းမြင့် အချုပ်အခြာ အာဏာ အား ပိုင်ဆိုင်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာ ခဲ့ပြီး...
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၄ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်စတော့အိပ်ချိန်း (YSX) ၃ နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား နှင့် YSX Award 2019 ချီးမြှင့်ခြင်းအခမ်းအနားကို ရန်ကုန်စတော့အိတ်ချိန်းတွင် ယနေ့ ကျင်းပခဲ့သည်။
Nice ၊ မတ် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ် ၂၄ ရက် ညပိုင်းက Niceမြို့တွင် ပြင်သစ်နိုင်ငံ သမ္မတ အီမာနျူရယ် မက်ခရွန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် သမ္မတရှီက ပြင်သစ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သစ်တည်ထောင်ပြီးနောက် ပထမဆုံး တရုတ်နိုင်ငံနှင့်...
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာ၊ အနက် (၅၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။