Connect with us

CHINA

တရုတ်နိုင်ငံ ပြည်သူများက ချစ်ခင်ရင်းနှီးမှုများကို အမြဲတစေ ရင်ဝယ်ပိုက်လျက် သတိရနေမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန် ပြော

တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးတွင် ကူညီရန် တောင်ကိုရီးယားနိုင်ငံမှ လှူဒါန်းသော နှာခေါင်းစည်းသေတ္တာများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုကို တိုက်ဖျက်ရသည့် အခက်ခဲဆုံး အခိုက်အတန့်၌ ကမ္ဘာ့အသိုင်းအဝိုင်း အဖွဲ့ဝင်များစွာထံမှ အထောက်အပံ့နှင့် ကူညီမှုများစွာ လက်ခံရရှိခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန်က ယနေ့ မတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။

“ချစ်ခင်ရင်းနှီးကြောင်း ဖော်ပြမှုတွေကို တရုတ်ပြည်သူများက အမြဲတစေ ရင်ဝယ်ပိုက်လျက် အမှတ်ရနေမှာပါ” ဟု သမ္မတရှီက COVID-19 ဆိုင်ရာ G20 ခေါင်းဆောင်များ အထူးအစည်းအဝေးကို အွန်လိုင်း ဗီဒီယိုရုပ်သံ မှတစ်ဆင့် ပါဝင်တက်ရောက်ဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။  (Xinhua)