Connect with us

CHINA

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတကာ အသိုင်းအဝိုင်းအား COVID-19 နှင့်ပတ်သက်၍ ယုံကြည်မှု ခိုင်မာရန်နှင့် စည်းလုံးညီညွတ်စွာ ပြုမူရန် တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က COVID-19 တိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ယုံကြည်မှုခိုင်မာရန် အလွန်အရေးကြီးပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် နှင့် အတူတကွ လုပ်ဆောင်ခြင်းဖြင့် ပြုမူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယနေ့ မတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။

သမ္မတ ရှီသည် COVID-19 ဆိုင်ရာ G20 ခေါင်းဆောင်များ အထူးအစည်းအဝေးကိုအွန်လိုင်း ဗီဒီယိုရုပ်သံ မှတစ်ဆင့် ပါဝင် တက်ရောက်ဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။  (Xinhua)