ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ ခမီးချောင်းကျေးရွာရှိ မူလတန်းကျောင်းဝန်းအတွင်း ဖေဖော်ဝါရီ ၁၃ရက် နံနက်ပိုင်းက လက်နက်ကြီးကျည် တစ်လုံး ကျေရာက်ပေါက်ကွဲပြီး ကျောင်းသူ/ကျောင်းသား၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရသိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီကျင့်ဖိန်၏ခွင့်ပြုချက်ဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)သည် COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ဝူဟန့်မြို့သို့ ဆေးကုသရေးတပ်ဖွဲ့ဝင် ၂,၆၀၀ ဦး ထပ်မံအားဖြည့်စေလွှတ်ခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုမြင့်မားသည့် နေရာများအနက် တစ်ခုဖြစ်သော ရှီဆွေနယ်မြေတွင် အချိန် ၇ ရက်အတွင်း ဆေးရုံတစ်ရုံ ပြန်လည်တည်ဆောက်ရန် လျာထားခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသန ဆောင်ရွက်ရန် တရုတ် သိပ္ပံ သုတေသနရေယာဉ် ရှန်ရန်ဟုန် – ၆(XIANG YANG HONG 06) သည် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ရာ ကြိုဆိုသည့် အခမ်းအနားအား...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ဗယ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်မှုအပေါ် ထောက်ခံကြောင်း BRICS အဖွဲ့ ဥက္ကဋ္ဌနိုင်ငံ၏ ကြေညာချက်အတွက် ဂုဏ်ပြုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကိန်းစွမ်က ဖေဖော်ဝါရီ ၁၂ ရက်တွင် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
နယူးယောက်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) လက်ရှိ တရုတ်နိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်လျက်ရှိသလို အခြားနိုင်ငံများသို့ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုးပမ်းကာကွယ် တားဆီးလျက်ရှိရာ နိုင်ငံတကာအသိုက်အဝန်းက အပြည့်အဝ အသိအမှတ်ပြုခဲ့ကြသည်။သို့သော်လည်း အမေရိကန်၌ COVID-19 ကြောင့် အာရှသားများကို ခွဲခြားဆက်ဆံမှုများ ဖြစ်ပွားလျက်ရာ ယခုရက်ပိုင်းများတွင် အမေရိကန် နိုင်ငံရေးနှင့်စီးပွားရေးနယ်ပယ်များမှ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်-ပုသိမ် ကားလမ်းပေါ်၌ ဖေဖော်ဝါရီ ၁၂ ရက် ည ၇နာရီ ၃၀မိနစ် ခန့်က ယာဉ်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ ယနေ့သတင်းထုတ်ပြန်ချက်အရ သိရသည်။
နန်ချန်း ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ဆောင်နေကြသည့် ဆေးဝန်ထမ်းများသည် သီးသန့်လူနာကုသရေးအဆောင်၌ တာဝန်ထမ်းဆောင်ရချိန်တွင် ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန်အလို့ငှာ နှာခေါင်းစည်းများ နှင့် ကိုယ်ခန္ဓာ အကာအကွယ်ဝတ်စုံများကို နာရီပေါင်းများစွာ မချွတ်တမ်းဝတ်ဆင်ထားရကြောင်း သိရသည်။
ေမန္တလေး၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)၌ နေအိမ် ၁၀လုံး မီးကူးစက်လောင်ကျွမ်းပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက် နေပြည်တော်တွင် ကျင်းပခဲ့သည့် နေပြည်တော် ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။