Connect with us

Social

မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသန ဆောင်ရွက်ရန် တရုတ် သိပ္ပံ သုတေသနရေယာဉ် XIANG YANG HONG 06  ရောက်ရှိ

ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်း၌ တရုတ် သိပ္ပံ သုတေသနရေယာဉ် XIANG YANG HONG 06 အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသန ဆောင်ရွက်ရန် တရုတ် သိပ္ပံ သုတေသနရေယာဉ် ရှန်ရန်ဟုန် – ၆(XIANG YANG HONG 06) သည် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ရာ ကြိုဆိုသည့် အခမ်းအနားအား ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်မင်းအောင်က ယခုပြုလုပ်သော သမုဒ္ဒရာ အတွင်း စူးစမ်းလေ့လာမှုသည် နှစ်နိုင်ငံစလုံးအတွက် အလားအလာကောင်းများစွာကို ဆောင်ကြဉ်း ပေးနိုင်လိမ့်မည်မှာ သံသယဖြစ်ဖွယ် မရှိကြောင်း ၊ ယင်းအစီအစဉ်က နှစ်ဖက်စလုံးအတွက် သမုဒ္ဒရာဆိုင်ရာ အတွေ့အကြုံများ ဆွေးနွေးတိုင်ပင်ခြင်း နှင့် မျှဝေခြင်းများအပြင် သုတေသန လုပ်ငန်းများလည်း အတူတကွဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၊ အဆိုပါ သုတေသနသည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုခိုင်မာစေရန် အမှန်တကယ်အကျိုးရလဒ်များ ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်မင်းအောင်က အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ) 

ရည်ရွယ်ချက် ကောင်းများဖြင့် စတင်ခဲ့သည့် သုတေသနလုပ်ငန်းများသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ၏ ကောင်းမွန်သော စတင်ခြင်းများထဲမှ တစ်ခု အပါအဝင် ဖြစ်ပြီး ပါဝင်လုပ်ဆောင်သူများ၏ စွမ်းဆောင်ရည်များကိုလည်း မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ နိုင်ငံရေး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng)က နှစ်ဖက် ပူးပေါင်း သုတေသန လုပ်ငန်းစဉ်မှ တဆင့် ရေကြောင်းသိပ္ပံ ၊ သဘာဝ ပတ်ဝန်းကျင် ၊ ဂေဟဗေဒ ၊ ဘူမိဗေဒ နှင့် မိုးလေဝသ ဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို တိုးမြင့်စေပြီး ရာသီဥတုပြောင်းလဲမှု နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအတွက် တုံ့ပြန်မှုများ ပိုမိုပြုလုပ်လာနိုင်မည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအကြား ရေကြောင်း သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အခန်းကဏ္ဍ အသစ် ဖွင့်လှစ်နိုင်ရန် မျှော်လင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နိုင်ငံရေး သံမှူး မစ္စတာ ရန်ဆုံကျိန်းက အမှာစကား ပြောကြား နေစဉ် (ဆင်ဟွာ) 

တရုတ် နိုင်ငံ သိပ္ပံ သုတေသန သင်္ဘော “ရှန်ရန်ဟုန် – ၃” (Xiang Yang Hong 03 )သည် မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ပထမ အကြိမ် လာရောက်ခဲ့ပြီး ထိုစဉ်က တရုတ်-မြန်မာ နှစ်နိုင်ငံမှ သုတေသန ပညာရှင်များသည် အတူတကွ ဆောင်ရွက်ခဲ့ရာ ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း သိရသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်မင်းအောင်က  မြန်မာနှင့် တရုတ် နှစ်နိုင်ငံလုံးသည် ကုလသမဂ္ဂ ပင်လယ် ဥပဒေ သဘောတူညီချက် ( UNCLOS) ၏ အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြောင်း ၊ “အဓိကတော့ ကျွန်တော်တို့ဟာ ကုလသမဂ္ဂ ပင်လယ် ဥပဒေ သဘောတူညီချက် ( UNCLOS) ရဲ့ အဖွဲ့ဝင် နိုင်ငံ တွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့က Bay of Bengal မှာ ရှိနေတဲ့ Bay of Bengal ရဲ့ ပြုပြင် ပြောင်းလဲမှု တွေ ၊ အထူးသဖြင့် ရာသီဥတုနဲ့ ပတ်သတ်တာတွေက သူတို့ နိုင်ငံကိုလဲ သက်ရောက်မှုတွေ ရှိနေတဲ့ အတွက် လေ့လာလိုတာကို purpose လုပ်တဲ့ အတွက် ပူးပေါင်း ဆောင်ရွက်တဲ့ အနေနဲ့ ကျွန်တော်တို့ဘက်ကလဲ researcher ၉ ယောက်ပေါ့ ။ ပေါင်းပြီးတော့ ပင်လယ်ထဲမှာ ရှိနေတဲ့ ပင်လယ်ရေရဲ့ အပူချိန်တွေ ၊ ရေငံ ပါဝင်မှုတွေ အဲဒီကိစ္စတွေကို weather forecast နဲ့ ပတ်သတ်တဲ့ အပိုင်းတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ပါ။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်သုတေသနရေယာဉ် XIANG YANG HONG 06 အား တွေ့ရစဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်သုတေသနရေယာဉ် XIANG YANG HONG 06 အား တွေ့ရစဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်သုတေသနရေယာဉ် XIANG YANG HONG 06 အား တွေ့ရစဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်သုတေသနရေယာဉ် XIANG YANG HONG 06 အား တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်သုတေသနရေယာဉ် ရှန်ရန်ဟုန် – ၆(XIANG YANG HONG 06) သည် ဘက်စုံသုံး သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာရေး ရေယာဉ် တစ်စီး ဖြစ်ကြောင်း ၊ ယင်းရေယာဉ်သည် နိုဝင်ဘာလနှောင်းပိုင်း လွန်ခဲ့သော ရက်ပေါင်း ၇၀ ကျော်ကတည်းက ဘင်္ဂလား ပင်လယ်အော် နှင့် အိန္ဒိယ သမုဒ္ဒရာ အရှေ့အီကွေတာ ရပ်ဝန်းတွင် အဏ္ဏဝါ ဗေဒ နှင့် ဂေဟဗေဒ လေ့လာရေး(JAMES)ကို ပူးတွဲ ဆောင်ရွက်နေသည့် ခေတ်မီ ရေယာဉ် တစ်စီး ဖြစ်ကြောင်း သိရသည်။(Xinhua)