နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လက်နက်များနှင့် ပတ်သက်ပြီး တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေရန်အတွက် လက်နက်ဥပဒေအသစ် ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေးဆွဲလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြောခဲ့သည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က တရုတ် နိုင်ငံ ၏ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး တွင် ဆောင်ရွက်သည့် ကြိုးပမ်းအားထုတ်မှု များ ကို အပြည့်အဝ ထောက်ခံ...
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများက တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်းနှင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးများ၌ ဆောင်ရွက်ချက်များကို ချီးကျူးပြောကြားလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တစ်ချို့နေရာများတွင် လုပ်ငန်းများပြီးစီးပြီဖြစ်၍ ဆောင်ရွက်ရန်ကျန်ရှိသော နေရာများတွင် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ဖေဖော်ဝါရီ လ ၈ ရက် မှ စကာ ရန်ကုန်မြို့ပတ်ရထားများ၏ အချိန်ဇယားကို ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံသို့ရောက်ရှိနေသော အသက် ၄ နှစ်အရွယ် တရုတ်နိုင်ငံသားကလေးငယ်တစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမှာ အပြည့်အဝပြန်လည်သက်သာလာပြီးဖြစ်ကြောင်း နှင့် ၎င်းအား တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပြည်မကြီး၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု လူနာအသစ် အရေအတွက်သည် နှစ်ရက်ဆက်တိုက်ကျဆင်းခဲ့ရာ ဒုတိယမြောက်ရက်တွင်လည်း ဆက်လက်လျော့နည်းသွားခဲ့ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်၏ ကိန်းဂဏန်းများအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့အတွက် ဒုဝန်ကြီးများ ခန့်အပ်လိုက်ကြောင်း ယနေ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်များ ရှိ မြို့နယ် ၆ ခုတွင် အနိမ့်ဆုံးအပူချိန်စံချိန်သစ်များ တင်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကွမ်ကျိုး၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီး၌ ရောက်ရှိနေသောင်တင်နေသော ဟူပေဒေသခံ ၁၃၁ ဦးအား စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ တိုက်ဖျက်ခြင်းအား ကူညီရန် ဆေးဘက်ဆိုင်ရာ ပစ္စည်း အသုံးအဆောင်များ ထုတ်လုပ်သော ကုမ္မဏီများစွာမှ အလုပ်သမားများသည် ဆေးဘက်ဆိုင်ရာ အကာအကွယ် ပစ္စည်းများအား သတ်မှတ်ကာလထက် စောလျင်စွာ ထုတ်လုပ် ပြီးစီးနိုင်ရန် အလျင်အမြန် လုပ်ဆောင်နေကြကြောင်း...