တီဟီရန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) အီရန်အနေဖြင့် နိုင်ငံအတွင်း ပျက်ကျသွားသော လူ ၁၇၆ ဦးလိုက်ပါသွားသည့် ယူကရိန်းလေကြောင်းလိုင်းပိုင် လေယာဉ်မှ တွေ့ရှိခဲ့သည့် လေယာဉ်ပျံသန်းမှု အလိုအလျောက်အသံဖမ်းကိရိယာ (Black box) နှစ်ခုကို ဘိုးရင်းကုမ္ပဏီ သို့မဟုတ် အမေရိကန်နိုင်ငံထံ လွှဲပြောင်းပေးမည်မဟုတ်သော်လည်း ယူကရိန်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရန်...
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ယခုနှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများကို ပုံမှန်ကာကွယ်ဆေးထိုး အစီစဉ်တွင် ထည့်သွင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအားကောင်းစေရန် တိုင်းဒေသကြီးအဆင့် အသိပေး ဆွေးနွေးပွဲမှ သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ဇန်နဝါရီ ၇ ရက်က အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအား ဦးတည်ပစ်လွှတ်ခဲ့သည့် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများအတွင်း အမေရိကန်ဘက်က အထိအခိုက် အသေအပျောက် မရှိကြောင်း နှင့် အမေရိကန်အနေဖြင့် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၈ ရက်တွင်...
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၂၀ ခုနှစ် မြန်မာ့ရွှေဈေးကွက် အတက်အကျသည် ကမ္ဘာ့ရွှေဈေးကွက်ပေါ်တွင်သာ မူတည်နေကြောင်း၊ ကမ္ဘာ့ရွှေဈေးကွက် သည် တက်ရိပ် ဦးတည်နေသည့် အတွက် ၂၀၂၀ တွင် ရွှေဈေးကွက်မှာ တက်ရိပ်သန်းနေကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ပြောသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေကြီး အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက် စဉ် ကွင်းဆက် ဖော်ထုတ်ချက်များ အရ ဇန်နဝါရီ ၇ ရက်တွင် ကျပ်သိန်း ခုနှစ်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု...
တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က အီရတ်နိုင်ငံရှိ အမေရိကန် အခြေစိုက်စခန်းနှစ်ခုကို ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းမှ အမေရိကန် တပ်ဖွဲ့များထွက်သွားရန် ဇန်နဝါရီ ၈ ရက်တွင် တောင်းဆိုလိုက်သည်။
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) အီရန်က အခြေအနေပိုတင်းမာလာအောင် ၊ စစ်မက်ဖြစ်ပွားအောင် လုပ်ဆောင်နေခြင်း မဟုတ်သော်လည်း ကျူးကျော်မှုမှန်သမျှကို ကာကွယ်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif)က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) မိုဘိုင်းဆက်သွယ်ရေးတာဝါများမှပြည်သူသို့သက်ရောက်လျက်ရှိသည့်လျှပ်စစ်သံလိုက်စက်ကွင်းပမာဏကိုသိရှိနိုင်ရေး တိုင်းတာရေးလုပ်ငန်းများအားဆာင်ရွက်လျက်ရှိကြောင်း၊ တိုင်းတာတွေ့ရှိသည့် ရလဒ်များအရ ဆက်သွယ်ရေးတာဝါတိုင်များမှ မိုဘိုင်းရေဒီယိုစက်ပစ္စည်းများ၏ EMF သက်ရောက်မှုသည် International Commission on Non – Ionizing Radiation Protection (ICNIRP) ၏ Safety စံသတ်မှတ်ချက် အောက်တွင်သာရှိကြောင်း...
ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရထားလုပ်ငန်း ပြည်သူ့လုံခြုံရေးအာဏာပိုင်များက ဇန်နဝါရီ ၂၅ ရက်တွင် ကျရောက်မည့် နွေဦးပွဲတော် ကာလ ခရီးသွားရာသီအတွက် လုံခြုံရေး စိတ်ချရစေရန် လှုံ့ဆော်မှုတစ်ခုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ရှီးချန်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇန်နဝါရီ ၇ ရက် ပေကျင်းစံတော်ချိန် ည ၁၁ : ၂၀ နာရီက ဆက်သွယ်ရေးနည်းပညာ သုတေသနဂြိုဟ်တုအသစ်တစ်လုံးကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။