Connect with us

Culture & Entertainment

တရုတ်နိုင်ငံတွင် နွေဦးပွဲတော်ကာလ ခရီးသွားရာသီအတွက် လုံခြုံရေး စိတ်ချရစေရန် လှုံ့ဆောင်မှု စတင်ဆောင်ရွက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၊ ကွေ့ယန်မြို့ရှိ Longdongbao ဘူတာရုံတွင် ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရထားလုပ်ငန်း ပြည်သူ့လုံခြုံရေးအာဏာပိုင်များက ဇန်နဝါရီ ၂၅ ရက်တွင် ကျရောက်မည့် နွေဦးပွဲတော် ကာလ ခရီးသွားရာသီအတွက် လုံခြုံရေး စိတ်ချရစေရန် လှုံ့ဆော်မှုတစ်ခုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းရှိ ရထားလုပ်ငန်း ပြည်သူ့လုံခြုံရေးအာဏာပိုင်များက လုံခြုံရေး အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  လက်မှတ်ရောင်းချခြင်းနှင့် ဆက်စပ်သော မှုခင်းများ၊ ခိုးယူမှု၊ လုယက်မှုနှင့် လိမ်လည်မှုနှင့် ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမည်ဖြစ်ကြောင်းနှင့် အခြားသူများ၏ ထိုင်ခုံနေရာများ လုယူခြင်းနှင့် ဖယ်ရှားပေးရန် ငြင်းဆန်ခြင်းကဲ့သို့သော တရားမဝင် အပြုအမူများကိုလည်း အပြစ်ပေးသွားမည်ဖြစ်ကြောင်း ပေကျင်းမြို့တွင် ဇန်နဝါရီ ၇ ရက်က ပြုလုပ်သည့် အစည်းအဝေးအရ သိရသည်။

ယခုနှစ် နွေဦးပွဲတော်ကာလ ခရီးသွားရာသီသည် ဇန်နဝါရီ ၁၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အထိ ရက်ပေါင်း ၄၀ ကြာမြင့်မည်ဖြစ်သည်။ ယင်းကာလအတွင်း ရထားဖြင့်သွားမည့်ခရီးစဉ် သန်း ၄၄၀ ရှိရန်မျှော်မှန်းထားပြီး ၂၀၁၉ ခုနှစ်ကထက် ၈ ရာခိုင်နှုန်း တိုးမြင့်ရန် ရည်မှန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် နွေဦးပွဲတော်သည် မိသားစုများပြန်လည်ဆုံစည်းကြသည့် ရိုးရာအချိန်အခါတစ်ခုဖြစ်ပြီး နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် အများပြည်သူအားလပ်ရက် ၇ ရက် ရရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)