Connect with us

Science & Technology

တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာ သုတေသနဂြိုဟ်တုသစ်ကို အောင်မြင်စွာ လွှတ်တင်

တရုတ်နိုင်ငံက စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် ဂြိုဟ်တုအသစ်တစ်လုံး ဇန်နဝါရီ ၇ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ရှီးချန်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇန်နဝါရီ ၇ ရက် ပေကျင်းစံတော်ချိန် ည ၁၁ : ၂၀ နာရီက ဆက်သွယ်ရေးနည်းပညာ သုတေသနဂြိုဟ်တုအသစ်တစ်လုံးကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ယင်းဂြိုဟ်တုသည် ကြိုတင်ချိန်ကိုက်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။ ၎င်းဂြိုဟ်တုကို ဆက်သွယ်ရေး၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အချက်အလက်တစ်ဆင့်ခံပို့ပေးခြင်းနှင့် အဆင့်မြင့် နည်းပညာစမ်းသပ်မှုများတွင် အသုံးပြုမည်ဖြစ်သည်။

Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့သည့် အဆိုပါ ဂြိုဟ်တုသည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံများ၏ ၃၂၄ ကြိမ်မြောက် လွှတ်တင်မှုဖြစ်သည်။

ယခု လွှတ်တင်လိုက်သည့် ဂြိုဟ်တုသစ်နှင့် သယ်ဆောင်ရေးဒုံးပျံကို တရုတ်နိုင်ငံ အာကာသ သိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းအောက်ရှိ ရှန်ဟိုင်း အာကာသယာဉ် နည်းပညာအကယ်ဒမီနှင့် တရုတ်နိုင်ငံ ဂြိုဟ်တုလွှတ်တင်ရေးယာဉ် နည်းပညာအကယ်ဒမီတို့က တည်ဆောက်ထားခြင်း ဖြစ်သည်။ (Xinhua)