Connect with us

Local

၂၀၂၀ ခုနှစ် မြန်မာ့ရွှေဈေးကွက် အတက်အကျသည် ကမ္ဘာ့ရွှေဈေးကွက်ပေါ်တွင် မူတည်လျက်ရှိ

လက်ဝတ်လက်စားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

၂၀၂၀ ခုနှစ် မြန်မာ့ရွှေဈေးကွက် အတက်အကျသည် ကမ္ဘာ့ရွှေဈေးကွက်ပေါ်တွင်သာ မူတည်နေကြောင်း၊ ကမ္ဘာ့ရွှေဈေးကွက် သည် တက်ရိပ် ဦးတည်နေသည့် အတွက် ၂၀၂၀ တွင် ရွှေဈေးကွက်မှာ တက်ရိပ်သန်းနေကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ပြောသည်။

၂၀၂၀ ခုနှစ် နှစ်စ အစတွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ ၁၅၀၀ဒေါ်လာ ဝန်းကျင်မှ ဇန်နဝါရီ လ ၈ ရက် တွင် တစ်အောင်စ ၁၅၉၂ ဒေါ်လာ အထိ ဈေးတက်ခဲ့သည်။ မြန်မာ့ရွှေဈေးတွင် ၂၀၂၀ ခုနှစ် နှစ်စဦးတွင် တစ်ကျပ်သား ကို ကျပ် ၁,၁၉၂,၀၀၀ ရှိခဲ့ပြီး ဇန်နဝါရီလ  ၈ ရက် တွင် ကျပ် ၁,၂၃၅,၀၀၀ အထိမြှင့်တက်ခဲ့သည်။ 

လက်ဝတ်လက်စားများအားတွေ့ရစဉ်  (ဆင်ဟွာ)

ပန်းပဲတန်းမြို့နယ် ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က “ကမ္ဘာ့ရွှေဈေးက တော့ ၂၀၁၉ ခုနှစ် မှာ တက်ရိပ်ပြနေတယ်ဆိုတော့ ရွှေဈေး ကတော့ တက်နိုင်တယ် လို့ယူဆရတယ်။  ကမ္ဘာ့နိုင်ငံ ကြီးတွေ ရဲ့ စီးပွားရေး အခြေ အနေတွေပေါ်လည်း မူတည်ပါတယ်။ လက်ရှိမှာ ဒေါ်လာဈေးကကျနေတယ်။ ဒေါ်လာဝယ်လိုအားများလို့ ဒေါ်လာဈေး ပြန်တက် လာရင် ရွှေဈေး က ပြန်တက်နိုင်တော့ ၂၀၂၀မှာတော့ ရွှေဈေးက တက်ရိပ်ပြနေတာမျိုး တော့ရှိတယ်’’ ဟု ဆင်ဟွာ ကိုပြောသည်။

ရွှေပန်းတိမ်တစ်ခု အားတွေ့ရစဉ် (ဆင်ဟွာ)

အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းက  “မြန်မာ့ရွှေဈေးကွက် က ကမ္ဘာ့ရွှေဈေးကွက် ပေါ်မှာပဲ အဓိ မူတည်တယ်။ ကမ္ဘာ့ရွှေဈေး ထက်မြန်မာ့ရွှေဈေးမြင့်နေရင် တစ်ခြား အိမ်နီးချင်း နိုင်ငံတွေက  ရွှေပြန်ဝင်မှာပဲ။ ရွေးကောက်ပွဲရှိတဲ့ ၂၀၁၅ ခုနှစ် တုန်းကတော့ ဝယ်လိုအားများ ခဲ့တယ်။ ၂၀၂၀ ကတော့ရွှေက ရွေးကောက်ပွဲ ရှိပေမယ့် အရောင်းအဝယ်တွေက ပုံမှန်ပဲ ရှိနေမှာပါ’’ ဟုဆင်ဟွာကိုပြောသည်။

 မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦး က “ရွှေ ကို မြန်မာနိုင်ငံမှာ အရမ်းတန်ဖိုးထားတယ်။ ငွေဖော်ရတာ လည်း လွယ်ကူတယ်။ နှစ်စဉ်နှစ် တိုင်းရွှေဝယ်လိုအား ရှိနေမှာပဲ။ ရွှေဈေးအတက် အကျကတော့ မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေးထက် ကျနေရင် နိုင်ငံခြားကို ရွှေပြန်ထွက်မယ်။ ကမ္ဘာ့ရွှေဈေးထက်မြင့်နေရင် နိုင်ငံခြားက ပြန်ဝင်မယ်။ ဒါကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းပေါ်မှာပဲ အတက်အကျ မူတည်မယ့်နှစ်လို့ပြောလို့ရပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။

 သည်နောက်ပိုင်းတွင် ရွှေလက်ဝတ်လက်စားဝယ်ယူသူများမှ အခွန်ဆောင်ရသကဲ့ သို့ ရွှေဆိုင်များအနေဖြင့် လည်း အမြတ်ခွန် ပိုမိုဆောင်လာရကြောင်း သိရသည်။ ရွှေထည်ပစ္ၐည်းဝယ်ယူသူများမှ အခွန်ဆောင်ရသော်လည်း ရွှေဝယ်လိုအားမြှင့်တက်နေဆဲဖြစ်ကြောင်းသိရသည်။

ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က “၂၀၂၀ မှာ ရွေးကောက်ပွဲ ရှိပေမယ့် လည်း ရွှေဈေးကွက် ကတော့ ကမ္ဘာ့ရွှေဈေး အတက်အကျပေါ်ပဲ မူတည်ပြီး သွားမှာပါ။ အရောင်းအဝယ်က ပုံမှန် လောက်ပဲ ရှိမှာပါ။ ဒေါ်လာဈေးအတက်အကျပေါ်လည်း မူတည်မှာပါ’’ ဟု ဆင်ဟွာကိုပြောသည်။

မြန်မာနိုင်ငံ တွင် ယခင်ကရွှေဝယ်ယူစုဆောင်းမှုများ မြင့်တက်ခဲ့ပြီး  မြေအရောင်းအဝယ်လုပ်ပြီး အရမ်းချမ်းသာသည့်  ပုဂ္ဂိုလ်က မြေပြန်မဝယ်ခင်ရွှေ ကိုဝယ်ထားလေ့ရှိကြောင်း၊  ရွှေမှ အမြတ်ပါ လိုချင်သည့်အတွက် ရွှေကို ကိုင်ထားခြင်းဖြစ်ကြောင်း၊ ကားအရောင်းအဝယ်လုပ်သူများလည်း ကားရောင်းပြီး နောက်ရွှေဝယ်ထားကာ ပြီးမှ ရွှေပြန်ရောင်း၍ မြေ တို့ ကားတို့ ကို ဝယ်ယူမှုများ လုပ်ခဲ့ကြသော်လည်း ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် တော့ ရွှေကို ထိုသို့ ကြားခံ ဝယ်ယူမှု နည်းပါးလာခဲ့ကြောင်း၊ သို့သော်  ပုံမှန်  လက်ဝတ်လက်စားဝတ်ဆင်သူတွေရော၊ ရွှေပုံမှန်စုဆောင်းသူများကတော့ ရွှေကို ပုံမှန် အဝယ်ရှိကြောင်း သိရသည်။၂၀၁၉ ခုနှစ်  နှစ်ဆန်းတွင် မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၁,၀၄၃,၇၀၀ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်တွင်မြန်မာ့ရွှေဈေးကတစ်ကျပ်သားကို ကျပ် ၁,၁၉၆,၅၀၀ ကျပ်ဖြင့် ဈေး ပိတ်ခဲ့သည်။ မြန်မာ့ရွှေဈေး သည် ၂၀၁၉ခုနှစ် တစ်နှစ်အတွင်း ကျပ် ၁၅၂,၈၀၀ ဈေးတက်ခဲ့သည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117