ထိုက်ယွမ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘာမြေလေ့လာစူးစမ်းမှုဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံ မြောက်ပိုင်း ဆန်ရှီးပြည်နယ်ရှိ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ နိုဝင်ဘာ ၂၈ ရက် ပေကျင်းစံတော်ချိန် နံနက် ၇:၅၂ နာရီတွင် အာကာသအတွင်းသို့ လွှတ်တင်လိုက်ကြောင်း သိရသည်။
ဟနွိုင် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံ Essex မြို့၌ ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးခဲ့သူ ၃၉ ဉီး အနက် ကြွင်းကျန်ရုပ်အလောင်း ၁၆ ခုသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai နိုင်ငံတကာလေဆိပ်သို့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာကြောင်း...
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအနေဖြင့် မိုင်းအန္တရာယ်နှင့်ပတ်သက်၍ မိုင်းအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (Mine Action Authority) ဖွဲ့စည်းနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မိုင်းရှင်းလင်းရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုညီလာခံတွင် ပြောကြားသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ အမှု ရင်ဆိုင်ရာတွင် ပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာက သိရှိနားလည်စေ ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၇ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ ပြည့်မီရေးအတွက် ၂၀၁၉ ဖေဖော်ဝါရီ ၁၉ ရက် နေ့စွဲပါစာဖြင့် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပုံ ရာခိုင်နှုန်းပြည့် ခန့်အပ်နိုင်ရေးကို မူအားဖြင့် သဘောတူပြီး ဖြစ်သည့်အတွက် အင်အား ပြည့်မီရေးကို စီမံချက် ရေးဆွဲ ဆောင်ရွက်လျက်...
နယူးဒေလီ ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ စစ်တပ်က အစ္စရေးနိုင်ငံထုတ် တင့်ကားဖျက်ဒုံးကျည်ကို ကက်ရှ်မီးယားဒေသ အားနှစ်ပိုင်ခွဲခြားထားသည့် နယ်စပ်မျဉ်း(LoC) အိန္ဒိယဘက်အခြမ်းတွင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်(AIR) ရုပ်သံက ယနေ့နိုဝင်ဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပနေသည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အမျိုးသားဘောလုံးပြိုင်ပွဲ တွင် အိမ်ရှင်ဖိလစ်ပိုင်ယူ-၂၂ အသင်းနှင့် နိုဝင်ဘာလ ၂၇ရက် တွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၂ ဘောလုံးအသင်းကအိမ်ရှင်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရ၍ အုပ်စုမှတက်ရန် အလားအလာကောင်းသွားခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံ မဲစာရင်းများ ပြုစု ပြီးသွားပြီဖြစ်ရာ မဲပေးခွင့်ရ ဦးရေမှာ ၃၇ သန်းကျော် ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ညနေပိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC: _Union...
ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ၁၉၄၁ ခုနှစ် ရှန်ဟိုင်းတွင်ဖြစ်ပွားခဲ့သည့် လူဖြူလူမည်းသမိုင်းဝင် သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်သည့် Saturday Fiction ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလ ၇ ရက်တွင် ပြသမည်ဖြစ်ကြောင်း တရုတ်ရုပ်ရုပ်ရှင်ထုတ်လုပ်ခြင်း နှင့် ပြပွဲ အဖွဲ့မှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်း၊ ဟိုပုံး၊ ဖယ်ခုံ၊ ဆီဆိုင်၊ မောက်မယ်၊ မိုးနဲ၊ မိုင်းပန်နှင့် တွန်းဇံမြို့နယ်တို့၌ နိုဝင်ဘာ ၂၆ ရက်က ဘိန်းစိုက်ခင်း ၁၃၃ဧက ကျော် ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။