Connect with us

Politics, Law & Military

ရဲတပ်ဖွဲ့အင်အား ပြည့်မီရေး စီမံချက် ရေးဆွဲဆောင်ရွက်လျက် ရှိ

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် လွှတ်တော် အစီအစဉ်များ ပြောကြားနေစဉ်။

နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ ပြည့်မီရေးအတွက် ၂၀၁၉ ဖေဖော်ဝါရီ ၁၉ ရက် နေ့စွဲပါစာဖြင့် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပုံ ရာခိုင်နှုန်းပြည့် ခန့်အပ်နိုင်ရေးကို  မူအားဖြင့် သဘောတူပြီး ဖြစ်သည့်အတွက် အင်အား ပြည့်မီရေးကို စီမံချက် ရေးဆွဲ ဆောင်ရွက်လျက် ရှိသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူက ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံမှာ အရာရှိ ၂၈၇၃၆ ဦး၊ အခြားအဆင့် ၁၄၆၄၇၅ ဦး၊ စုစုပေါင်း ၁၇၅၂၁၁ ဦး ဖြစ်ပြီး၂၀၁၉ အောက်တိုဘာလအထိ အရာရှိ ၁၅၀၀၈ ဦး၊ အခြား အဆင့် ၆၉၄၇၈ ဦး၊ စုစုပေါင်း ၈၄၄၈၆ ဦး ရှိတဲ့အတွက် ဖွဲ့စည်းပုံအင်အားရဲ့ ၄၈ ဒသမ ၂၂ ရာခိုင်နှုန်းဖြင့် တာဝန် ဝတ္တရားများ ထမ်းဆောင်လျက်ရှိပါတယ်၊  မြန်မာနိုင်ငံလူဦးရေမှာ ၅၄ သန်းကျော် ရှိတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ ပြည်သူအချိုးမှာ ၁ း ၆၄၃ ဖြစ်ပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး မေးမြန်းနေစဉ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူ ဖြေကြားနေစဉ်။

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် ေြပြာကြားခဲ့ခြင်း ဖြစ်ပြီး တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် အဆင့် အကြီးအကဲများ၊ အစည်းအဝေးများ၊ စီမံကိန်းများ၊ အရေးကြီး လမ်းတံတားများ၊ နိုင်ငံခြား သံတမန် များနှင့် နယ်စပ်ဒေသ လုံခြုံရေးများအတွက် ရဲတပ်ဖွဲ့ခွဲ ၂၇ ခု၊ နယ်ခြားစောင့် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ ရှစ်ခုတို့ကို ဖွဲ့စည်းပြီး တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်းလည်း ဒု – ဝန်ကြီးက ရှင်းလင်းဖြေကြား ခဲ့သည်။

၂၀၁၉ အောက်တိုဘာလ အထိ အမှုကြီး ၁၀ မျိုး၊ အခြား အမှု ၁၀ မျိုးနှင့် ကြိုတင်ကာကွယ်မှု ၁၀ မျိုးတို့ကို ကာလတို ၂၀၁၈ အောက်တိုဘာလ နှင့် ၂၀၁၉ အောက်တိုဘာလ ဖြစ်ပွားခဲ့သော အမှု များနှင့် နှိုင်းယှဉ်ပါက အမှုကြီး စုစုပေါင်း ၃၀၀ လျော့ကျသွားပြီး အခြားအမှု ၄၁၃၅ မှု လျော့ကျ သွားကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တစ်နိုင်ငံလုံးနှင့် ခြုံကြည့်ပါက ရဲနှင့် ပြည်သူအချိုး ၁ း ၆၄၃ ဦး ရှိသော်လည်း လူဦးရေထူထပ်တဲ့ တိုင်းဒေသကြီးတွေမှာတော့ ၁ း ၁၀၇၈ ဦး ခန့်ရှိသောကြောင့် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ကြိုတင်ကာကွယ်မှုကို အခြေခံပြီး ဒေသရှိ ပြည်သူများ၏ စွမ်းအားဖြင့် လုပ်ဆောင်သည့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ရဲလုပ်ငန်း စဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့အပြင် လူဦးရေ ထူထပ်သည့် မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ Command Centre များ ဖွင့်လှစ်ပြီး မန္တလေးမြို့ပေါ် လေးမြို့နယ်ရှိ ယခင် ပြစ်မှု အများဆုံး ဖြစ်ပွားခဲ့သော နေရာ ၂၁ နေရာတွင် ရွေ့လျား ကင်မရာနှင့် ပုံသေ ကင်မရာ ၄၀ လုံးအားလည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး၌ Command and Control Centre ဖွင့်လှစ်ပြီး ရန်ကုန်မြို့တွင် အမှုများပြားသော နေရာ ၄၅ နေရာတို့တွင် CCTV ကင်မရာ ၃၁၄ လုံး တပ်ဆင်ကာ ပြည်သူများကို စောင့်ကြည့်ကာကွယ်ပေးလျက် ရှိကြောင်း၊ ၂၀၁၈ ခုနှစ်၌ကြိုတင်ကာကွယ်မှု ပြစ်မှု ပေါင်း ၂၂ ၀၁၄၄ မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၉ တွင် အောက်တိုဘာလအထိ ပြစ်မှု ကြိုတင်ကာ ကွယ်မှု ၃၀၄၂၅၉ မှု အထိ တိုးမြှင့် ဖော်ထုတ်ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.