Connect with us

Politics, Law & Military

မြန်မာနိုင်ငံအနေဖြင့် မိုင်းအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဖွဲ့စည်းနိုင်ရန် ဆောင်ရွက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မိုင်းရှင်းလင်းရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုညီလာခံတွင် ဆွေးနွေးစဉ်(MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

 

 မြန်မာနိုင်ငံအနေဖြင့် မိုင်းအန္တရာယ်နှင့်ပတ်သက်၍ မိုင်းအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (Mine Action Authority) ဖွဲ့စည်းနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မိုင်းရှင်းလင်းရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုညီလာခံတွင် ပြောကြားသည်။

အဆိုပါ ဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အထူးသဖြင့် အာဆီယံ မိုင်းစင်တာနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိကြောင်း၊ မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းများကို တိုင်းရင်းသားဘာသာစကားများဖြင့်လည်း ဖြန့်ဝေလျက်ရှိကြောင်း ၎င်းကဆိုသည်။

 

မြန်မာနိုင်ငံ မိုင်းဒဏ်သင့် ပြည်သူများအား ပိုမိုထောက်ပံ့နိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း 

၊အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဦးစားပေးဆောင်ရွက်လျက်ရှိရာ မိုင်းအန္တရာယ်ကင်းရှင်းရေး၊ မိုင်းဒဏ်သင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လွန်စွာအရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

 

ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများပိတ်သိမ်းရေး မဟာဗျူဟာကို မကြာသေးမီက မိတ်ဆက်ခဲ့ပြီးနောက် IDP စခန်းများ ပိတ်သိမ်းရေးကြိုးပမ်းရာတွင် မိုင်းအန္တရာယ်ကင်းရှင်းရေးမှာ အရေးကြီးပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုကိုအခြေခံသည့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ တိုးတက်လာစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

၂၀၁၉ ခုနှစ်အတွင်း ပြည်သူ (၂၈၀,၀၀၀) ကျော်ကို မိုင်းအန္တရာယ် အသိပညာပေးနိုင်ခဲ့ပြီး၂၀၁၆ ခုနှစ်မှစ၍ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြည်သူတစ်သန်းခန့်ကို အသိပညာပေးနိုင်ခဲ့ပါကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.