ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည် စိုးရိမ်စရာမဟုတ်သလို ရန်သူမဟုတ်ကြောင်း မိတ်ဆွေသာဖြစ်ကြောင်း လက်တွေ့ကျကျ မရှိမဖြစ် အသိစိတ်ဓာတ်ရှိရှိနှင့် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမည့်အလုပ် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားသည်။
အစ္စတန်ဘူလ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အေဂျီယံ ကမ်းရိုးတန်းပြင်ပတွင် ဇူလိုင်လ ၂၉ ရက်က လှေတစ်စင်းနစ်မြုပ်မှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၁ ဦးပျောက်ဆုံးနေကြောင်း ဒေသခံ မီဒီယာက သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှု ကြောင့် ရန်ကုန်-မန္တလေး အမြန်စာပို့ရထား များနှင့် မော်လမြိုင်ရထားများ ရထားလမ်းပိုင်း ရေကျော်ခဲ့သဖြင့် ရထားပြေးဆွဲမှုကို ယာယီ ရပ်ဆိုင်းထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ကန်ဒဲလ်၊ ကမ္ဘောဒီးယား၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် ခြောက်ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ဇူလိုင်လ ၂၉ ရက်က စတင်ကျင်းပရာ နိုင်ငံရေးပါတီ ၂၀ ခု ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မတီ (NEC) ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
SANAMXAY ၊ ဇူလိုင်၂၉ ရက်(ဆင်ဟွာ) လာအိုနိုင်ငံတွင် ဆည်ကျိုးကျမှုကြောင့် ဇူလိုင်လ ၂၈ ရက် ညပိုင်းအထိ သေဆုံးသူ ၈ ဦးရှိပြီး ၁၂၃ ဦး ပျောက်ဆုံးနေကြောင်း လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး Khamlieng Outhakaisone က ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် ဘားအံမြို့နယ်၌ စက်လှေတိမ်းမှောက်မှုကြောင့် လူ၃ ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း Maharashtra ပြည်နယ် တွင် ဇူလိုင် ၂၈ ရက်က ဘတ်စ်ကားတစ်စီး ချောက်နက်တစ်ခုထဲပြုတ်ကျခဲ့ရာ လူ ၃၃ဦးသေဆုံးခဲ့ကြောင်း ဒေသခံ အကြီးတန်းအုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦး က အတည်ပြုပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်သည် ပြည်နယ် ၏ Raigad...
ဂျာကာတာ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း West Tenggara ပြည်နယ်တွင် ဇူလိုင် ၂၉ ရက် အစောပိုင်းက ရစ်ချ်တာစကေး ၆.၄ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁၀ဦးသေဆုံးပြီး အယောက် ၄၀ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ကိုင်ရို၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ တရားရုံးတစ်ခု က မတရားအသင်းတစ်ခုဖြစ်သည့် မွတ်စလင်ညီနောင်များအဖွဲ့မှ အဖွဲ့ဝင် ၇၅ဦးကို အကြမ်းဖက်မှု နှင့် လူသတ်မှုစွဲချက်များဖြင့် ဇူလိုင် ၂၈ ရက် တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဌာနကဖော်ပြခဲ့သည်။
ချီကာဂို ၊ ဇူလိုင်၂၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် အနောက်တောင်ပိုင်းရှိ မိုတယ်တစ်ခု၌ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ၁ဦးနှင့် ၎င်း၏ ကလေးငယ် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။