Connect with us

Culture & Entertainment

ပုဂံဒေသရှိ ရှေးဟောင်းဘုရား ၉၂ ဆူအား ဒေါ်လာ ခုနစ်သန်းသုံးစွဲ၍ ပြုပြင်ထိန်းသိမ်းသွားမည်

ပုဂံဘုရားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ပုဂံဒေသရှိ ရှေးဟောင်းဘုရား ၉၂ ဆူ အား ပြည်ပနိုင်ငံတစ်ခု ၏အကူအညီဖြင့် ဒေါ်လာ ခုနစ် သန်း သုံးစွဲ၍ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သည့် ပုဂံငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုးပေါင်း ၄၀၀ နီးပါးကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ အီတလီ၊ ဂျာမနီ စသည့် နိုင်ငံများက ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ရာ လက်ရှိတွင် ကူညီထိန်းသိမ်း စောင့်ရှောက် ပေးသည့် နိုင်ငံပေါင်း ၂၂ နိုင်ငံအထိရှိနေပြီး အဖွဲ့အစည်း ပေါင်းမှာလည်း ၄ဝ ကျော်အထိ ရှိကြောင်း သိရသည်။ 

ပုဂံဘုရားများအားတွေ့ရစဉ် (ဆင်ဟွာ) 

ပုဂံဘုရားများအားတွေ့ရစဉ် (ဆင်ဟွာ) 

ယခုအကူအညီကိုအိန္ဒိယ နိုင်ငံက ကူညီခဲ့ခြင်းဖြစ်ပြီး ပုဂံဒေသရှိ အာနန္ဒာဘုရားအား အိန္ဒိယနိုင်ငံက ငါးနှစ်ကြာ ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများ လုပ်ဆောင် ခဲ့သည့်အပြင် ၂၀၁၆ ခုနှစ်အတွင်း က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုများကို လည်း ပြုပြင်ပေးခဲ့ပြီး ယခုအခါ ရှေးဟောင်းဘုရား ၉၂ ဆူအားဆက်လက်ပြု ပြင် ထိန်းသိမ်းရန် ဘုရား များကို ရွေးချယ် ထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။   (Xinhua)