ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၅ ရက်က ရှန်ဟိုင်းမြို့တွင် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သို့ တက်ရောက်လာသည့် ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ ပြပွဲဖွင့်ပွဲအခမ်းအနားပြီးနောက် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှန်ကျန်း ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ မောင်းသူမဲ့ ဒရုန်း(Drone) ထုတ်လုပ်ရေးကုမ္ပဏီ DJI က တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့(Shenzhen) ၌ နိုဝင်ဘာ ၅ ရက်တွင် စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းယာဉ်ငယ်အသစ် တစ်မျိုးကို ထုတ်ဖော် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူး သံတမန် Mr. Sun Guoxiang နှင့် အဖွဲ့သည် နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC:_ National Reconciliation and...
ဒမတ်စကပ်စ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဆီးရီးယားစစ်တပ်က နိုဝင်ဘာ ၅ ရက်တွင် နိုင်ငံအရှေ့မြောက်ပိုင်း ဟာဆာကပြည်နယ် ကျေးလက်ဒေသရှိ ရေနံမြေများဖြင့် ကြွယ်ဝသောနယ်ပယ်သစ်၌ တပ်ဖြန့်ထားခဲ့ကြောင်း၊ တူရကီနယ်စပ်အနီး ကာ့ဒ်သူပုန်များ တပ်စွဲရာနယ်မြေသို့ ဆီးရီးယားစစ်တပ်၏ အလုံးစုံတပ်ဖြန့်မှုအတွင်း နောက်ဆုံးတပ်ရွေ့လျားမှုလည်းဖြစ်ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီနှင့် သတင်းရင်းမြစ်တစ်ရပ်က ဆင်ဟွာသို့...
ဘူဒါပတ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) ဟန်ဂေရီ နိုင်ငံက 5G ကွန်ရက် တည်ဆောက်ရန် တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်သည့် Huawei နှင့် ပူးပေါင်း သွားမည် ဖြစ်ကြောင်း ဟန်ဂေရီ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီး Peter Szijjarto...
ဘန်ကောက်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း ယာလပြည်နယ်တွင် နိုဝင်ဘာ ၅ ရက် ညပိုင်းက သေနတ်သမားအုပ်စု၏ ပစ်ခတ်မှုကြောင့် ရပ်ကွက်ညကင်းစောင့်သူ ၁၅ ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၆ ရက်၌ ပြောကြားလိုက်သည်။
မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) မိခင်သုံးဦး နှင့် ရင်သွေးငယ်ခြောက်ဦးအပါအဝင် အနည်းဆုံးလူပေါင်း ၉ ဦးပါဝင်သော အမေရိကန်မိသားစုတစ်ခုသည် မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း၌ မူးယစ်ဂိုဏ်းတစ်ခုမှ အဖွဲ့ဝင်များဟု သံသယရှိသူများ၏ ခြုံခိုလုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ၅ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ကျောက်ကြီးကျေးရွာအနီးတွင် နိုဝင်ဘာ ၅ ရက် နံနက် ၅နာရီအချိန်ခန့် မော်တော်ယာဉ်နှစ်စီး တိမ်းမှောက်မှုကြောင့် လူ ၁၃ ဦး သေ၊၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေ နှင့် ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းတည်ထောင်ရန် ရည်မှန်းချက်ချမှတ်ထားကြောင်း နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ က အသိပေးနှိုးဆော်ချက်ထုတ်ပြန်ခဲ့သည်။