နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံသမ္မတအိမ်တော်အနီး၌ ဒီဇင်ဘာ ၇ ရက်တွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြားလူ အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။
ဟိုးဘတ်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) POWERCHINA ကုမ္ပဏီမှ ရင်းနှီးမြုပ်နှံဆောင်ရွက်ထားသည့် ဩစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ် Cattle Hill လေအားလျှပ်စစ်စီမံကိန်းတွင် ပထမအသုတ် လေရဟတ်တာဘိုင်များ ချိတ်ဆက်၍ လျှပ်စစ်ဓါတ်အား ထုတ်လွှတ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) မြန်မာ-ထိုင်း-လာအို (၃)နိုင်ငံရှိ လူမျိုးစုများ၏ လူနေမှုဘဝပုံစံနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ ရိုးရာနေအိမ် ပြပွဲအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်မှုတွင် ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ နယ်စပ်ကုန်သွယ်ရေးစခန်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီး နောက် မှာကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ၏ ဘော်လီဘော အုပ်စု ပွဲစဉ်တွင် မြန်မာဘော်လီဘောအသင်း အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက် ခဲ့ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၈ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် နိုင်ငံ တိုးတက်မှုကို ထောက်ပံ့ရန်နှင့် စီးပွားရေး မြှင့်တင်ရန် အားထုတ်မှုအဖြစ် အနိမ့်ဆုံး နေ့စားလုပ်ခကို ဘတ် ၃၀၈-၃၃၀ မှ ဘတ် ၃၁၃-၃၃၆ အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက်က ကြေညာခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ၏ လူသိများသော ပတ္တယားအပန်းဖြေစခန်းမြို့ ရှိ တည်းခိုခန်းတစ်ခုတွင် ဒီဇင်ဘာလ ၆ ရက်ကဆိုးရွားသည့်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နောက် လူ ၄၀၀ ခန့် ကယ်တင်ခဲ့ရကြောင်း သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၇ ရက ်(ဆင်ဟွာ) လွှတ်တော်ထဲ၌ ဖြစ်ပေါ်နေသော အခြေအနေ၊ နိုင်ငံတော်၏ အခြေ အနေ၊ နိုင်ငံတကာ နယ်ပယ် အခင်းအကျင်းသည် မြန်မာနိုင်ငံသားများ အနေဖြင့်ရော မြန်မာနိုင်ငံ အစိုးရ အနေဖြင့်ရော သတိ ကြီးစွာ၊ စည်းလုံး ညီညွတ်စွာဖြင့် ဆောင်ရွက်ရမည့် အနေအထားဖြစ်သည်ဟု ပြည်ထောင်စု...
ကူမင်း၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံမှလာသော မွေးရာပါ နှလုံးရောဂါဝေဒနာရှင်ကလေး ၈ ဦးနှင့်၎င်းတို့၏ မိသားစုဝင်များသည် ဒီဇင်ဘာ ၄ ရက် ညပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ဖူဝိုက် နှလုံးသွေးကြောရောဂါအထူးကုဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။