ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မစို စိုက်ပျိုးမွေးမြူရေးစခန်းနှင့် ထောက်ကြန့် ကြက်မွေးမြူရေး စခန်းတို့တွင် မြေနေရာများ ငှားရမ်းမည့် ကုမ္ပဏီများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြုချက် ရရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ကိဗ်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ရုရှားနိုင်ငံ နှင့် ဆက်လက်ဆွေးနွေးမှုများပြုလုပ်သွားရန် စိတ်ဝင်စားနေကြောင်း ယူကရိန်းနိုင်ငံသို့ ရောက်ရှိနေသည့် ယူကရိန်းအရေးညှိနှိုင်းဆွေးနွေးရေးဆိုင်ရာ အမေရိကန်အထူးသံတမန် Kurt Volker၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာက ဖေဖော်ဝါရီ ၂၇ ရက်တွင်ဖော်ပြခဲ့သည်။
ဟနွိုင်း ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား-အမေရိကန် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး၏ ဒုတိယမြောက်နေ့ အဖြစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) တွင် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် တို့သည် စတင် ဆွေးနွေးလျက်ရှိသည်။
ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် ငြိမ်းချမ်းရေး ဖန်တီးရန်နည်းလမ်းများနှင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဆွေးနွေးရန် ဒုတိယအကြိမ်မြောက် ထိပ်သီးတွေ့ဆုံပွဲအဖြစ် ဗီယက်နမ်နိုင်ငံ...
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး လုပ်ငန်းများတွင် အသုံးပြုရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံအစိုးရထံ မော်တော်ယာဉ် အစီး ၂၀ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ယနေ့ ညနေပိုင်းက...
ကိုင်ရို၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုရှိ အဓိက ဘူတာရုံအတွင်း၌ ဖေဖော်ဝါရီလ ၂၇ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၀ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Nile TV က...
ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် အမေရိကန်နိုင်ငံ ဒေါ်နယ်ထရမ့် (Donald Trump) တို့၏ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ကြိုဆိုသောအားဖြင့် ဗီယက်နမ်နိုင်ငံက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ငွေသားအစစ် အကြွေစေ့...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မြန်မာသမိုင်းအထောက်အထားများ ပြည့်စုံကောင်းမွန်လျှင် သမိုင်းနှင့် ပတ်သက်သော စာတမ်းများ တန်ဖိုး တက်လာမည်ဖြစ်ကြောင်း ”သမိုင်းအထောက်အထား အရင်းအမြစ်များ ရှာဖွေခြင်း” သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားသည်။
မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံနေသော နိုင်ငံခြားသားများအား အလေးထားစောင့်ရှောက်မှု တိုးတက်ကောင်းမွန်လာစေရန် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဒုက္ခသည်များအကူအညီပေးရေး အေဂျင်စီများသည် ဖေဖော်ဝါရီ ၂၆ ရက်က သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားချက်အရ သိရသည်။
တီဟီရန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ ဟက်ဆန်ရိုဟာနီ (Hassan Rouhani) က နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) ၏ နှုတ်ထွက်စာအား လက်ခံရန် ဖေဖော်ဝါရီ ၂၇ ရက် က တရားဝင် ပယ်ချခဲ့ကြောင်း နိုင်ငံပိုင်...