Connect with us

Economy

တရုတ်နိုင်ငံက သွင်းကုန် တိုးချဲ့ခြင်း၊ စည်းကြပ်ခွန်များ လျှော့ချြခင်းတွင် အဓိကတိုးတက်မှုများ လုပ်ဆောင်လျက်ရှိ

ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) ပြုလုပ်ရာအဆောက်အအုံကို တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဈေးကွက် တံခါးပိုမိုဖွင့်လှစ်ရန် ကြိုးပမ်းအားထုတ်မှု၏ အစိတ်အပိုင်းအဖြစ် စားသုံးမှုမြှင့်တင်ရန် သွင်းကုန်တိုးချဲ့ခြင်းနှင့် စည်းကြပ်ခွန်များလျှော့ချြခင်းတို့၌ အဓိကတိုးတက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သမ္မတ ရှှီကျင့်ဖိန်က ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပထမအကြိမ်မြောက် CIIE တွင် ကြေညာခဲ့သည့် တံခါးဖွင့်ဝါဒတိုးချဲ့ရေးအတွက် ဆောင်ရွက်ချက် ၅ ချက်လုံးကို ယေဘုယျအားဖြင့် အကောင်အထည်ဖော်ခဲ့ပြီဖြစ်ကြောင်း သမ္မတ ရှီက ပြောခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.