Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် လူများစွာ ဒဏ်ရာရ

အိန္ဒိယနိုင်ငံတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ  အရှေ့မြောက်ပိုင်း မဏိပူပြည်နယ်၌ နိုဝင်ဘာ ၅ ရက်တွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် လူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာမီ အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့က လုံခြုံရေးစည်းတားခဲ့ကြောင်း၊ ပေါက်ကွဲမှု၏ နောက်ကွယ်မှ မည်သူ သို့မဟုတ် မည်သည့်အဖွဲ့အစည်း ဖြစ်သည်ကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ထပ် အချက်အလက်များ စောင့်ဆိုင်းနေဆဲဖြစ်သည်။ (Xinhua)