Connect with us

Social, Education & Health

လေယာဉ်မောင်းခန်းထဲသို့ အမျိုးသမီးတစ်ဉီးဝင်ခွင့်ပြုခဲ့သည့် လေယာဉ်မှူးကို ရာသက်ပန်အလုပ်ထုတ်

လေယာဉ်မောင်းခန်းထဲတွင် V ပုံသဏ္ဍာန်ဓာတ်ပုံရိုက်နေသော အမျိုးသမီးအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နန်နင်း ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Air Guilin လေကြောင်းလိုင်းသည် လွန်ခဲ့သော ၁၀ လခန့်က လေယာဉ်ခရီးစဉ်တစ်ခုအတွင်း လေယာဉ်မောင်းခန်းထဲသို့ ခရီးသည်အမျိုးသမီးတစ်ဉီးကို ဝင်ရောက်ခွင့်ပြုခဲ့သည့် လေယာဉ်မှူးအား ရာသက်ပန်အလုပ် ထုတ်ပစ်လိုက်ကြောင်း လေကြောင်းလိုင်းက နိုဝင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။

လေယာဉ်အမှုထမ်းဝတ်စုံ ဝတ်ဆင်ထားခြင်းမရှိသော အမျိုးသမီးတစ်ဉီးသည် လေယာဉ်မှူးထိုင်ခုံပေါ်တွင် ထိုင်ကာ လက်နှစ်ချောင်းထောင်၍ (V) ဗွီပုံသဏ္ဍာန်ဓာတ်ပုံ ရိုက်ယူခဲ့ပြီး ၎င်းဓာတ်ပုံကို တရုတ်နိုင်ငံ၏ လူမှုကွန်ရက်စာမျက်နှာတစ်ခုပေါ်တွင်တင်ကာ “ လေယာဉ်မှူးကို ကျေးဇူးများစွာတင်ပါတယ်” ဟူ၍ ပုံစာဖြင့် တွဲဖက် ဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်သည် ယခုနှစ်အစောပိုင်းတွင် Guilin မြို့မှ တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ် Yangzhou မြို့သို့ ဉီးတည်ပျံသန်းသော လေယာဉ်ခရီးစဉ်အမှတ် GT1011 ပေါ်တွင်  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Air Guilin လေကြောင်းလိုင်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါလေယာဉ်မှူးသည် လေယာဉ်ပျံသန်းမှု စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့ကြောင်း နှင့် ကုမ္ပဏီအနေဖြင့် အလားတူဖြစ်ရပ်မျိုးထပ်မံ မပေါ်ပေါက်စေရန် လုံခြုံရေးအစီအစဉ်ကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း လေကြောင်းလိုင်းက ဆိုသည်။

လေယာဉ်မှူးကို ရာသက်ပန် အလုပ်ထုတ်ပစ်လိုက်ကြောင်း နှင့် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အခြားသော လေယာဉ်အမှုထမ်းများကိုလည်း ကုမ္ပဏီက စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.