Connect with us

Social

“ရောင်စုံလှပသော တရုတ် တိုင်းရင်းသား ယဉ်ကျေးမှု များ ၏ မဲခေါင်မြစ်ဝှမ်းဒေသ မြန်မာနိုင်ငံ ခရီးစဉ်” ရန်ကုန်မြို့ တွင် စတင်ကျင်းပ

“ရောင်စုံလှပသော တရုတ် တိုင်းရင်းသား ယဉ်ကျေးမှု များ ၏ မဲခေါင်မြစ်ဝှမ်းဒေသ မြန်မာနိုင်ငံ ခရီးစဉ်” ဖွင့်ပွဲ အခမ်းအနား တွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

“ရောင်စုံလှပသော တရုတ် တိုင်းရင်းသား ယဉ်ကျေးမှု များ ၏ မဲခေါင်မြစ်ဝှမ်းဒေသ မြန်မာနိုင်ငံ ခရီးစဉ်” ဖွင့်ပွဲ အခမ်းအနား အား နိုဝင်ဘာ ၅ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ် တိုင်းရင်းသား ရိုးရာ အဆိုအက များဖြင့်လည်း ဖျော်ဖြေတင်ဆက်ပေး ခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး  ဒေါ်နွဲ့ကလျာ(Ms.Li Xiaoyan) က အဖွင့် မိန့်ခွန်းပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ က အိမ်နီးချင်းကောင်း ၊ မိတ်ဆွေကောင်းများ ဖြစ်ကြပြီး သမိုင်းကြောင်း တစ်လျှောက် အပြန်အလှန် ရိုင်းပင်းကူညီပြီး အပြန်အလှန် လေ့လာသင်ယူ ခဲ့ကြကြောင်း ၊ နှစ်နိုင်ငံလုံးတွင်  သမိုင်းကြောင်း ရှည်လျားပြီး တောက်ပသော ရှေးဟောင်းယဉ်ကျေးမှု နှင့် တိုင်းရင်းသား ယဉ်ကျေးမှုများ ရှိကြကြောင်း ၊ လက်ရှိချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ က ရပ်ဝန်း နှင့် ပိုးလမ်းမ နှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြ ံ အား အတူတကွ တက်ကြွစွာ တည်ဆောက်နေကြပြီး ကဏ္ဍများစွာတွင် ဆောင်ရွက်နေသာ လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုများ ကလည်း အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ၊ ယဉ်ကျေးမှု ဖလှယ်ခြင်း က နှစ်နိုင်ငံ ရပ်ဝန်း နှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ၏ အရေးပါသော အပိုင်းတစ်ခု ဖြစ်ပြီး ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် အောက်တွင် နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်မှု တို့ က သမိုင်းစာမျက်နှာသစ် ကို ဖွင့်လှစ် နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

“ရောင်စုံလှပသော တရုတ် တိုင်းရင်းသား ယဉ်ကျေးမှု များ ၏ မဲခေါင်မြစ်ဝှမ်းဒေသ မြန်မာနိုင်ငံ ခရီးစဉ်” ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

“ရောင်စုံလှပသော တရုတ် တိုင်းရင်းသား ယဉ်ကျေးမှု များ ၏ မဲခေါင်မြစ်ဝှမ်းဒေသ မြန်မာနိုင်ငံ ခရီးစဉ်” ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

“ရောင်စုံလှပသော တရုတ် တိုင်းရင်းသား ယဉ်ကျေးမှု များ ၏ မဲခေါင်မြစ်ဝှမ်းဒေသ မြန်မာနိုင်ငံ ခရီးစဉ်” ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး  ဒေါ်နွဲ့ကလျာ(Ms.Li Xiaoyan) က အဖွင့် မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ပေကျင်းတိုင်းရင်းသား ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဖောင်ဒေးရှင်း အတွင်းရေးမှူးချုပ် မစ္စ စိမ်းနန် (Ms.Shen Nan) က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ တာဝန်ခံ မစ္စ ရွှီလင်း (Ms.Xu Ling) က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

“ရောင်စုံလှပသော တရုတ် တိုင်းရင်းသား ယဉ်ကျေးမှု များ ၏ မဲခေါင်မြစ်ဝှမ်းဒေသ မြန်မာနိုင်ငံ ခရီးစဉ်” ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

“ရောင်စုံလှပသော တရုတ် တိုင်းရင်းသား ယဉ်ကျေးမှု များ ၏ မဲခေါင်မြစ်ဝှမ်းဒေသ မြန်မာနိုင်ငံ ခရီးစဉ်” ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

“ရောင်စုံလှပသော တရုတ် တိုင်းရင်းသား ယဉ်ကျေးမှု များ ၏ မဲခေါင်မြစ်ဝှမ်းဒေသ မြန်မာနိုင်ငံ ခရီးစဉ်” ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ကိုယ်စား အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် က အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ အပါအဝင် မဲခေါင်မြစ်ဝှမ်း ဒေသ တွင်းရှိ နိုင်ငံ များ ယဉ်ကျေးမှု အပြန်အလှန်  သိရှိနားလည်စေခြင်း အားဖြင့် ချစ်ကြည်ရင်းနှီးမှု များ ပိုမို တိုးတက် ခိုင်မာလာစေမည် ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည့် ယဉ်ကျေးမှု ဖလှယ်ခြင်း အစီအစဉ် များ က နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ ယခု ခရီးစဉ် က နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှု နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု များ ကို ပိုမိုနက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ပေကျင်းတိုင်းရင်းသား ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဖောင်ဒေးရှင်း အတွင်းရေးမှူးချုပ် မစ္စ စိမ်းနန် (Ms.Shen Nan) က အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ က လက်ရှိ ကမ္ဘာပေါ် တွင် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် အများဆုံး ပိုင်ဆိုင်ထားသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး တရုတ် တိုင်းရင်းသားလူမျိုး အသီးသီး တွင်လည်း တမူထူးခြား သည့် ယဉ်ကျေးမှုများ တည်ရှိကြောင်း ၊ ယခု ခရီးစဉ် မှ တဆင့် မြန်မာ နိုင်ငံ ပြည်သူလူထု တို့ မှ တရုတ် ရိုးရာယဉ်ကျေးမှု များ အား သိရှိနားလည်ရန် နှင့် နစ်သက်ကြရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ တာဝန်ခံ မစ္စ ရွှီလင်း (Ms.Xu Ling) က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ က နီးကပ်သည့် ယဉ်ကျေးမှု တည်ရှိပြီး ရှည်လျားနက်ရှိုင်း သော ချစ်ကြည်ဆက်ဆံရေး တည်ရှိကြောင်း ၊ နှစ်နိုင်ငံ တွင် ကောင်းမွန်သော ယဉ်ကျေးမှု ဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်း အခြေခံ တည်ရှိကြောင်း ၊ မိတ်ဆွေများအားလုံး တို့မှ ယခု ခရီးစဉ် အား လာရောက်ပါဝင် ကြရန် လှိုက်လှဲစွာ ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။

“ရောင်စုံလှပသော တရုတ် တိုင်းရင်းသား ယဉ်ကျေးမှု များ ၏ မဲခေါင်မြစ်ဝှမ်းဒေသ မြန်မာနိုင်ငံ ခရီးစဉ်” အား ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ နှင့် ပေကျင်းတိုင်းရင်းသား ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဖောင်ဒေးရှင်း တို့ မှ ကြီးမှူးကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ခရီးစဉ် အတွင်း တရုတ် တိုင်းရင်းသား ရိုးရာ အနုပညာလက်ရာများ ၊ ယဉ်ကျေးမှု ဆိုင်ရာ ဓာတ်ပုံများ ၊ အနုပညာ ဖျော်ဖြေတင်ဆက်မှုများ နှင့် လက်မှု အနုပညာ ဆိုင်ရာ သင်တန်း များကို ပြသ ပို့ချ ပေးသွားမည် ဖြစ်ကြောင်း ၊ ခရီးစဉ် အား နိုဝင်ဘာ ၅ ရက် မှ ၁၅ ရက် အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ပြည်သူလူထု များ အနေဖြင့် အခမဲ့ လာရောက် ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.