Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့်အစီအစဉ်မရှိ၍ အဝါရောင်အဆင့်သတ်မှတ်

မုန်တိုင်းဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) 

လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ် အဆင့်သို့ရောက်ရှိပြီး  မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့ လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။ 

(က) အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၃.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၁၀၀၅)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်(Depression)သည် နောက်(၁၂) နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့လည်းကောင်း၊ နောက်(၃၆)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး၊ အစဦးတွင် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် မြောက်-အနောက်မြောက် ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.