ဂျကာတာ ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ၎င်း၏ သမ္မတရာထူး ဒုတိယသက်တမ်းတွင် ဖွံ့ဖြိုးရေးအစီအစဉ်များ၌ ဗျူရိုကရေစီယန္တရားလျှော့ချရေး နှင့် အခြေခံအဆောက်အဉီဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် လူသားစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ကတိပြုပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် International Series ပြိုင်ပွဲဖြစ်သော Egypt International 2019 ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် အီဂျစ်နိုင်ငံ၌ ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ပြိုင်ဘက် ဝေးလ်စ်နိုင်ငံသူ...
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားနှင့် အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ လက်ကျန် ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ရန် ရှိနေသည့် မြန်မာ့ လက်ရွေးစင် အသင်းအတွက် နည်းပြချုပ် အဖြစ် ရာဂျူလိုဗစ်အား စာချုပ် ဖျက်သိမ်း၍ အန်တွမ်နီဟေးကို နည်းပြချုပ်သစ်...
ဘန်ကောက် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ဘတ်ဂျက် ဉပဒေကြမ်းကို အောက်တိုဘာ ၁၉ ရက်တွင် ထောက်ခံ ဆန္ဒမဲ အနည်းငယ် အသာဖြင့် အောက်လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ နီပေါနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာဒေဗီဘန်ဒါရီသည် အောက်တိုဘာလ ၁၆ ရက်မှ ၂၀ ရက်အထိ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး မြန်မာ-နီပေါ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်အား အောက်တိုဘာ ၂၀...
ပေကျင်း၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၂၀ ရက်တွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူးကျန့်မြို့၌ ဖွင့်လှစ်ကျင်းပသည့် ၆ ကြိမ်မြောက် ကမ္ဘာ့အင်တာနက် ကွန်ရက်ညီလာခံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် International Series ပြိုင်ပွဲဖြစ်သော Egypt International 2019 ကြက်တောင်ပြိုင်ပွဲ တွင် မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ကမ္ဘာ့အဆင့် ၈၅ ရှိသည့် ပီရူးကြက်တောင်မယ် Daniela Marcias နှစ်ပွဲပြတ်အနိုင်ရရှိကာ ဗိုလ်လုပွဲတက်သွားကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) တရားမဝင်ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် အထူးအဖွဲ့များဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာ လ မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ဖမ်းဆီးအရေးယူမှု (၉၇၄)...
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ အစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် အောက်တိုဘာ ၁၉ ရက်တွင် ရန်ကုန်မြို့မှ ဂျကာတာမြို့သို့ လေကြောင်းခရီး ဖြင့် ထွက်ခွာသွားရောက်ခဲ့ကြောင်း သိရသည်။