Connect with us

Sport

2019 Egypt International ပြိုင်ပွဲတွင် ပွဲတိုင်း အနိုင်ရရှိကာ သက်ထား သူဇာဗိုလ်လုပွဲတက်ရောက်

ကြက်တောင်မယ် သက်ထားသူဇာအားတွေ့ရစဉ် (ဓာတ်ပုံ-- သက်ထားသူဇာ FB)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် International Series ပြိုင်ပွဲဖြစ်သော Egypt International 2019 ကြက်တောင်ပြိုင်ပွဲ တွင် မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ကမ္ဘာ့အဆင့် ၈၅ ရှိသည့် ပီရူးကြက်တောင်မယ် Daniela Marcias နှစ်ပွဲပြတ်အနိုင်ရရှိကာ ဗိုလ်လုပွဲတက်သွားကြောင်း သိရသည်။ 

သက်ထားသူဇာသည် Daniela Marcias ကို ပထမပွဲစဉ်တွင် ၂၁-၈ ဖြင့် လည်းကာင်း၊ ဒုတိယပွဲစဉ်တွင် ၂၁-၁၃ ဖြင့်လည်းကောင်း နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့အတူ အောက်တိုဘာလ၁၈ ရက်က နှစ်ပွဲယှဉ်ပြိုင် ခဲ့ရာတွင်နှစ်ပွဲလုံး အနိုင်ရခဲ့ကြောင်းသိရသည်။ 

ပထမပွဲတွင် သက်ထားသူဇာက အီဂျစ်ကြက်တောင်မယ်အား ၂၁-၄၊ ၂၁-၇ တို့ဖြင့်နှစ်ပွဲပြတ်နိုင်ကာ ဒုတိယပွဲ တွင်လည်း အိန္ဒိယ မှကမ္ဘာ့အဆင့် ၁၉၇ ရှိ ကြက်တောင်မယ်အား ၂၁- ၁၇၊၂၄-၂၂ ဖြင့်အကြိတ်အနယ်ကစားကာနှစ်ပွဲပြတ်ဖြင့်ပင်အနိုင်ရ ရှိခဲ့ကြောင်းသိရသည်။

သက်ထားသူဇာက အောက်တိုဘာလ ၁၉ ရက် Quarterfinals ပွဲစဉ် တွင်ကမ္ဘာ့အဆင့် ၃၀၂ ရှိ အိန္ဒိယကြက်တောင်မယ်Kanika Kanwal ကိုလည်း နှစ်ပွဲပြတ်ဖြင့်ပင်အနိုင်ရရှိခဲ့သည်။ 

သက်ထားသူဇာသည် အောက်တိုဘာ ၂၀ ရက် မြန်မာစံတော်ချိန် ညနေ ၄း၀၀ နာရီခန့်တွင် ဝေးနယ်လ်မှ ကမ္ဘာ့အဆင့် ၈၃ ရှိ ကြက်တောင်အားကစားမယ် Jordan Hart နှင့်ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။  (Xinhua)