Connect with us

Asia

သမ္မတ ဝီဒိုဒိုက ဒုတိယသက်တမ်းတွင် လူ့စွမ်းအားအရင်းအမြစ်များ နှင့် အခြေခံအဆောက်အဉီများ တိုးတက်အောင် ဆောင်ရွက်မည်ဟု ကတိပြု

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို ကျမ်းသစ္စာကျိန်ဆို နေစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ၎င်း၏ သမ္မတရာထူး ဒုတိယသက်တမ်းတွင် ဖွံ့ဖြိုးရေးအစီအစဉ်များ၌ ဗျူရိုကရေစီယန္တရားလျှော့ချရေး နှင့် အခြေခံအဆောက်အဉီဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် လူသားစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ကတိပြုပြောကြားခဲ့သည်။

အင်ဒိုနီးရှားပါလီမန်အဆောက်အဉီအတွင်း ပြုလုပ်သော သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ဝီဒိုဒိုက နိုင်ငံတော်ရည်မှန်းချက် ၂၀၄၅ ခုနှစ်(nation’s 2045 vision) ကိုအောင်မြင်စွာ ဖော်ဆောင်နိုင်ရန်မှာ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် မရှိမဖြစ် အလွန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို သတင်းစာရှင်လင်းပွဲပြုလုပ်နေစဉ်(ဆင်ဟွာ)

ယင်းကာလတွင် အင်ဒိုနီးရှားနိုင်ငံသားတစ်ဉီးချင်း၏ တစ်နှစ်ဝင်ငွေသည် ရူပီယာ သန်း ၃၂၀ ( အမေရိကန်ဒေါ်လာ ၂၂,၆၀၀) သို့မဟုတ် တစ်လဝင်ငွေ ရူပီယာ ၂၇ သန်း ( အမေရိကန်ဒေါ်လာ ၁,၉၀၀ ) ရရှိရန် နှင့် ဆင်းရဲနွမ်းပါးမှုပမာဏကိုလည်း သုည ရာခိုင်နှုန်းထိရောက်ရှိရန် ရည်မှန်းထားကြောင်း သမ္မတက ဆိုသည်။

“ ဒီရည်မှန်းချက်က အောင်မြင်အောင် လုပ်ဆောင်နိုင်မှာပါ။ဒါပေမဲ့ အဲဒါက အစိုးရကပေးတဲ့ထောက်ပံ့ကြေးတစ်ခုလိုတော့ ရောက်လာလိမ့်မယ် မဟုတ်ပါဘူး၊ အဲဒီရည်မှန်းချက်ရောက်ဖို့ ကျွန်တော်တို့ကြိုးပမ်းအားထုတ်ရမယ်။ ပြိုင်ဆိုင်မှုပြင်းထန်လာနေတဲ့ကမာ္ဘကြီးမှာ ပိုပြီး အားထုတ်ရမယ်၊ ပုံမှန်သွားနေတဲ့လမ်းကြောင်းအတိုင်းပိတ်မိနေလို့တော့မရဘူး။ တီထွင်ဆန်းသစ်မှုအတွက် ရဲရင့်ဖို့လိုတယ်” ဟု ၂၀၂၄ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံသမ္မတရာထူးကို ဆက်လက်တာဝန်ယူသွားမည့် ဝီဒိုဒိုက  ဆိုသည်။

ဝီဒိုဒိုသည် ၂၀၁၉ ခုနှစ် ဧပြီ ၁၇ ရက်တွင် ကျင်းပသော အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် အဓိက ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto ကို အနိုင်ရရှိခဲ့ရာ သမ္မတ ရာထူးကို ဒုတိယသက်တမ်းအတွက် ထပ်မံတာဝန် ထမ်းဆောင်ခွင့်ရရှိခဲ့သူဖြစ်သည်။အဆိုပါရွေးကောက်ပွဲတွင် ဝီဒိုဒိုသည မဲဆန္ဒရှင်အားလုံး၏ ထောက်ခံမဲ ၈၅.၆၇ သန်း (သို့မဟုတ်) ၅၅ဒသမ၅ ရာခိုင်နှုန်းကျော်ထိ  ရရှိ ခဲ့ကြောင်း သိရသည်။(Xinhua)  


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117