Connect with us

Science & Technology

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ၆ ကြိမ်မြောက် ကမ္ဘာ့အင်တာနက်ကွန်ရက်ညီလာခံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

၆ ကြိမ်မြောက် ကမ္ဘာ့အင်တာနက်ကွန်ရက်ညီလာခံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် LIGHT OF INTERNET ပြပွဲ ကျင်းပသည့်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၂၀ ရက်တွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူးကျန့်မြို့၌  ဖွင့်လှစ်ကျင်းပသည့် ၆ ကြိမ်မြောက် ကမ္ဘာ့အင်တာနက် ကွန်ရက်ညီလာခံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

သမ္မတရှီ၏ ဂုဏ်ပြုသဝဏ်လွှာတွင် ယခုနှစ်သည် အင်တာနက်ကွန်ရက်ပေါ်ပေါက်လာသည့် နှစ် ၅၀ ပြည့်အချိန်အခါဖြစ်ကြောင်း ၊ လက်ရှိ သိပံ္ပ နည်းပညာတော်လှန်ရေးအခါသစ်တွင် စက်မှုလုပ်ငန်း ပြောင်းလဲမှုအရှိန်အဟုန်သည် ဆင့်ကဲလျှင်မြန်လျက်ရှိပြီး  AI ၊ Big data၊ IOT စသည့် နည်းပညာ အသစ်များကို လုပ်ငန်းပိုင်းမှာ အသုံးများတွင်ကျယ်လာရာ အင်တာနက်ကွန်ရက်ဖွံ့ဖြိုးရေး၏ ကြီးမားသည့်တွန်းအားနှင့်အလားအလာများများပြားလာရကြောင်း ၊ လူသားတို့၏ အကျိုးစီးပွား ကို ပိုမိုကောင်းမွန်စွာဆောင်ကြဉ်းပေးရန် အင်တာနက်ကွန်ရက်ကို ကောင်းမွန်စွာဖွံ့ဖြိုးစေခြင်း၊ အသုံးပြုခြင်း၊ စီမံခြင်းတို့သည် နိုင်ငံတကာ အသိုက်အဝန်း၏ အတူထမ်းဆောင်ရမည့်တာဝန်ဖြစ်ကြောင်း ဖော်ပြထားသည်။ နိုင်ငံအသီးသီး အနေဖြင့် ခေတ်အခါ ၏ပြောင်းလဲမှုတွင် ဖွံ့ဖြိုးရေးတာဝန်ကို ရဲဝံ့စွာထမ်းဆောင်ကာ အန္တရာယ်စိန်ခေါ်မှုများကို အတူ ရင်ဆိုင်ပြီး ဆိုက်ဘာအင်တာနက်ကမ္ဘာလုံးဆိုင်ရာ စီမံမှုကို အတူ တွန်းအားပေးဆောင်ရွက်ကာ အင်တာနက်ဆိုက်ဘာ ကံတူအကျိုးတူ အသိုက်အ၀န်း တည်ဆောက်ကြရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.