နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) နေပြည်တော် Park Royal Hotel တွင် အောက်တိုဘာ ၂ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သော (၉)ကြိမ် မြောက် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ ဝန်ကြီးအဆင့် အစည်းအဝေးသည် ရာနှုန်းပြည့် အောင် မြင်ခဲ့သည်ဟု ထားဝယ်...
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ရန်ကုန်မြို့တော်ပြယုဂ်ကို ထိခိုက်စေသော ခွင့်ပြုချက်မရှိသည့် စည်းကမ်းမဲ့ကြော်ငြာများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းသာမက တစ်နိုင်ငံလုံးအတွက် ပြည်ပမှ တင်သွင်းရောင်းချနေသော ကုန်စည်များအပေါ် မမှန်မကန်တင်သွင်းမှုများ ဖော်ထုတ်တွေ့ရှိပါက ပို့ကုန်သွင်းကုန်ဥပဒေ၊ အကောက်ခွန်ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
နယူးဒေလီ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် ဖြစ်စဉ်များကြောင့် သေဆုံးသူအရေအတွက် ၄၂ ဉီးအထိရှိလာခဲ့ကြောင်း အောက်တိုဘာလ ၂ ရက်တွင် ဖော်ပြသည့်သတင်းများအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က လိုင်စင်၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက် အထိ လိုင်စင်စုစုပေါင်း ၁၉၈ ခု ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ စက်တင်ဘာလ ၂၁ ရက် အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၈,၃၂၀ ဦး ရှိပြီး၊ သေဆုံးသူ ၁၀၇ ဦးရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံက မြောက်ကိုရီးယား နိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့ တွေ့ဆုံဆွေးနွေးမှု ပြန်လည် စတင်ရန် ကြေညာချက် များအား ကြိုဆိုကြောင်း နှင့် နှစ်ဘက်လုံးမှ အပြုသဘော ရလဒ်များ အတွက် ကြိုးပမ်းသွားရန် အခွင့်အလမ်းများကို ရယူနိုင်မည်ဟု...
ဒါကာ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်မှ စတင်ကာ လေးရက်ကြာတရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) ၏ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူစာချုပ် တစ်ဒါဇင်ခန့် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်၊၊
မနီလာ၊အောက်တိုဘာ၃ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံမနီလာမြို့၌ Miss Earth 2019 ကမာ္ဘမြေအလှမယ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် အလှမယ်များအား အောက်တိုဘာ၂ ရက်က မီဒီယာမိတ်ဆက် သရုပ်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။