Connect with us

Education & Health

မြန်မာနိုင်ငံတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ စက်တင်ဘာလ ၂၁ ရက် အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၈,၃၂၀ ဦး ရှိပြီး၊ သေဆုံးသူ ၁၀၇ ဦးရှိ

ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

ရန်ကုန်၊အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ စက်တင်ဘာလ ၂၁ ရက် အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၈,၃၂၀ ဦး ရှိပြီး၊ သေဆုံးသူ ၁၀၇ ဦးရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့်  မန္တလေးတိုင်းဒေသကြီး တို့တွင် သွေးလွန်တုပ်ကွေးရောဂါအဖြစ်အများဆုံးဖြစ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအနေဖြင့် ကချင်ပြည်နယ် တွင် ၂,၉၀၄ ဦး၊ ဧရာဝတီတိုင်းဒသကြီးတွင် ၂,၆၃၁ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂,၄၆၁ဦး ရှိခဲ့ကြောင်း သိရသည်။ သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးမှုတွင် ကချင်ပြည်နယ်တွင် ၂၉ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၄ ဦး နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁၁ဦး ရှိခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါသည် အေးဒီးစ်ခြင်ကျားအကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်မှုဖြစ်ပွားကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီ တွင် ဖြစ်ပွားမှု များပြားသော်လည်း အချို့သောတိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင်  တစ်နှစ်ပတ်လုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။သွေးလွန်တုပ်ကွေးရောဂါသည် အသက် ၁၅ နှစ်အောက်တွင် အဖြစ်များသော်လည်း ယခုအခါတွင် အသက်အရွယ်မရွေးဖြစ်ပွားလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)