ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆,၀၀၀ သိန်း)နှင့် ဘိန်းဖြူအလေးချိန် ၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ၁၅ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ(၁၀)ရွာမှ လူနေအိမ်နှင့် အဆောက်အအုံများပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဂါဇာ၊ မေ ၁၅ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် လူဦးရေ တစ်ဝက် နှင့် အထက်အတွက် ဇွန်လ တွင် အစာရေစာ မလုံလောက်မှုဖြစ်ဖွယ်ရှိကြောင်း၊ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ က မေလ ၁၃ ရက် တွင်ပြောသည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်မတော်တဆမှုဖြစ်ပေါ်ရာတွင် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဘေးအန္တရာယ်ကင်းရှင်းစွာ လေယာဉ်ကို ထိန်းချုပ် ဆင်းသက်နိုင်ခဲ့သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ် အမှုထမ်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ်တွင် မူးယစ်အမှုပေါင်း ၁၃,ဝ၃၇ မှု၊ တရားခံပေါင်း ၁၈,၆၈၁ ဦးဖမ်းဆီး နိုင်ခဲ့ကြောင်း မူးယစ်ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။
ကူဝိတ်စီးတီး၊ မေ ၁၄ ရက်(ဆင်ဟွာ) ဟူသီလက်နက်ကိုင်များက ဆော်ဒီအာရေဗျရှိ ရေနံစခန်းတစ်ခုကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုအား ပြင်းထန်စွာ ပြစ်တင်ရှုံ့ချကြောင်း ယီမင် အစိုးရက မေ ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
တိုကျို၊ မေ ၁၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ပိုင်း Amami-Oshima ကျွန်း၏ အရှေ့မြောက်ဘက်တွင် အင်အား ၅.၅ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသအေဂျင်စီက မေလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ မေ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အာရှလူ့အဖွဲ့အစည်းအနေဖြင့် ယဉ်ကျေးမှုအပေါ် တိုးမြှင့်ယုံကြည်ရန် မေ ၁၅ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့်အတူ အာရှခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်တစ်ခု အကောင်အထည်ဖော်ရန် ဆန္ဒရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က မေလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ မေ ၁၅ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန် က အိမ်နီးချင်း နိုင်ငံ နှင့် ချစ်ကြည်စွာ နေထိုင်ခြင်း ၊ နိုင်ငံအသီးသီး နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း က တရုတ် နိုင်ငံ ၏ နိုင်ငံတကာ နှင့် ဆက်ဆံ...