Connect with us

Asia

အိန္ဒိယ နိုင်ငံ တောင်ပိုင်း၌ လှေတိမ်းမှောက်မှု ဖြစ်ပွား ၊ လူ ၁၂ ဦး သေဆုံးကာ ၃၀ ဦး ပျောက်ဆုံးနေ

အိန္ဒိယ နိုင်ငံ၌ ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့သော လှေတိမ်းမှောက်မှုတွင် ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက် နေစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ တောင်ပိုင်း Andhra Pradesh ပြည်နယ် ၊ ဂူတာဗာရီ(Godavari)ခရိုင် အရှေ့ဘက်၌ စက်တင်ဘာ ၁၅ ရက်တွင် လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၁၂ ဦး သေဆုံးကာ ၃၀ ဦးခန့် ပျောက်ဆုံး နေကြောင်း သိရသည်။

အဆိုပါ လှေပေါ်တွင် လူ ၆၂ ဦး လိုက်ပါလာခဲ့ကြပြီး Godavari ခရိုင်၏ Katchuluru ကျေးရွာ အနီးတွင် တိမ်းမှောက် သွားခဲ့ကြောင်း သိရသည်။

လှေပေါ်တွင် လိုက်ပါလာသူများ အနက် အသက်ကယ် အင်္ကျ ီဝတ်ဆင်ထားသူ လူ ၂၀ ဦးအား ဒေသခံ ရွာသားများက ကယ်ဆယ်နိုင်ခဲ့ကြောင်း ၊ ယင်းဖြစ်စဉ် အတွင်း သေဆုံးသူ ၁၂ ဦး၏ ရုပ်အလောင်း များကို အခင်းဖြစ် နေရာ၌ ရှာဖွေ တွေ့ရှိထားကြောင်း သတင်းမီဒီယာများ၏ ဖော်ပြမှု အရ သိရသည်။

အမျိုးသား ဘေးအန္တရာယ် ကယ်ဆယ်ရေး တပ်ဖွဲ့ (NDRF) အဖွဲ့ဝင်များ နှင့် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ အခင်း ဖြစ်ပွားရာ နေရာသို့ရောက်ရှိ မလာခင်မှာပင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီ ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ် မိုဒီက လှေတိမ်းမှောက်မှုတွင် အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ် အတွက် စိတ်ထိခိုက် နာကျင် ခံစား ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ၎င်း၏ တွစ်တာ စာမျက်နှာတွင် Andhra Pradesh ပြည်နယ် ၊ ဂူတာဗာရီ ခရိုင် အရှေ့ဘက်တွင် လှေတိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် လွန်စွာ တုန်လှုပ်မိပါကြောင်း ၊ မိမိ အနေဖြင့် ကျန်ရစ်သူ မိသားစုများနှင့် အတူ ထပ်တူထပ်မျှ ခံစားမိပါကြောင်း ၊ ယခုလက်ရှိတွင် အခင်းဖြစ်ပွားရာ နေရာ၌ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ရေးသား ဖော်ပြထားသည်။

အဆိုပါ ပျောက်ဆုံးနေသည့် လူ ၃၀ ဦး အနက် လှေသမား အများဆုံး ၁၀ ဦးခန့်ပါဝင်ကြောင်း သတင်း မီဒီယာ များ၏ ဖော်ပြမှု အရ သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117