ဘန်ကောက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဝန်ကြီးဌာနက နိုဝင်ဘာလတွင် အသစ်တည်ထောင်မည့် “သတင်းတု တုန့်ပြန်ရေးစင်တာ” အား အစိုးရအရာရှိ ၄၀ ဦးက လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်က ကြေညာလိုက်သည်။
ကွမ်ကျိုး၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) ၁၂၆ ကြိမ်မြောက် ကွမ်ကျိုးသွင်းကုန်ထုတ်ကုန်ကုန်စည်ပွဲတော်ကို အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ကျင်းပမည် ဖြစ်ရာ ယခုကျင်းပမည့်ကုန်စည်ပွဲတော် ရှိသွင်းကုန်ပြပွဲတွင် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက် ကုမ္ပဏီလုပ်ငန်းများက ပါဝင်မှုအများဆုံး ဖြစ်ကြောင်း ၎င်းကုန်စည်ပွဲတော်ဖွင့်ပွဲ သတင်းစာရှင်းလင်းပွဲမှ သိရသည်။...
နယူးဒေလီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း အက်တာ ပရာဒက်ရှ်ပြည်နယ်၊ ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် အိမ်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၀ ဦးသေဆုံးခဲ့ကာ လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာလ ၁၄ရက်သတင်းများတွင် ဖော်ပြခဲ့သည်။
အော့တဝါ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) သည် သေချာမသိရသည့် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုကြောင့် တိုရန်တိုမြို့တွင် အောက်တိုဘာ ၁၂ ရက်က ရွေးကောက်ပွဲ စည်းရုံးရေး၌ ကျည်ကာအင်္ကျီ ဝတ်ဆင်ခဲ့ကြောင်း ဒေသခံ CTV မီဒီယာအရ သိရသည်။
ဒါကာ ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တော်မှ အရှေ့တောင်ဘက် ၂၉၂ ကီလိုမီတာအကွာ ၊ ကော့ဘဇားခရိုင်(Cox’s) အတွင်းရှိ Nidania AD သေနတ်ပစ်ကွင်း၌ အောက်တိုဘာ၁၃ ရက်တွင် အော်လီကွန်(Oerlikon) လေယာဉ်ပစ်အမြောက် (လေကြောင်းရန်ကာကွယ်ရေးလက်နက်)ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်း ကျားများ ကျင်လည်ကျက်စားသည့် နယ်မြေ၏ ရှစ်ရာခိုင်နှုန်းအတွင်း အနည်းဆုံး ကျား ၂၂ ကောင် ရှင်သန်ကျက်စားလျက်ရှိကြောင်း သစ်တောဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ ပေကျင်း တိရစ္ဆာန်ရုံ၌ အောက်တိုဘာ ၁၃ ရက်တွင် ပန်ဒါ အမြွှာ နှစ်ကောင်ကို အများပြည်သူအား မိတ်ဆက် ပြသခဲ့ပြီး ယင်းတိရစ္ဆာန်ရုံ၏ ပန်ဒါ အကောင်ရေမှာ ၁၀ ကောင်ထိ ရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ (Narendra Modi) နှင့် ဒုတိယအကြိမ်မြောက် အလွတ်သဘောတွေ့ဆုံခြင်း၊ နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခြင်းများပြီးနောက် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ထမံသီဘေးမဲ့တောကို အာဆီယံအမွေ အနှစ်ဥယျာဉ် (ASEAN Heritage Park – AHP) အတည်ပြု သတ်မှတ်လိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အတွင်း ပြုလုပ်သည့် (၁၅) ကြိမ်မြောက်...
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးရှိ တောင်သူများအနေဖြင့် ချေးငွေအဆိုပြုလွှာများကို အချိန်မီတင်ပြနိုင်ရေးအတွက် မိမိတို့ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် တောင်သူလယ်သမားများသို့ အသိပေးကြေညာချက်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။