ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တို့တွင် ၇၃၉၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် “A Moment We Share” ဖျော်ဖြေပွဲ၊ ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာ ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ (စက်တင်ဘာ ၁၁ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှု စင်တာတွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ...
နေပြည်တော်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပြည်သူ့စစ်များကို တပ်မတော်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ရပ်ကွက် ကျေးရွာ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင့် စသည့် အချက်အခြာကျသော နေရာများတွင် စစ်ရေးလိုအပ် ချက် အရ ပြည်သူ့စစ်ဌာနေ အဖွဲ့များ ဖွဲ့စည်းထားရှိသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်...
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပဲခူးမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် (၃)စင်တီမီတာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့တွင် အင်အား ၄.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ဟန်ကျိုး၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဂျက်မာ (Jack Ma) သည် အလီဘာဘာအုပ်စု၏ ဥက္ကဋ္ဌအဖြစ်မှ စက်တင်ဘာလ ၁၀ ရက်တွင် တရားဝင် နုတ်ထွက်လိုက်ကြောင်း၊ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဒန်နီယယ်ကျန်းအား တာဝန်လွှဲပေးနေကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) နေပြည်တော် ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုတွင် ရက်သတ္တပတ် အတွင်း တရားမဝင်သစ် တန် ၁၈၀ ကျော်အား ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တောင်ပိုင်းရှိ ရှီယိုက်ဘာသာဝင်တို့၏ အထွဋ်အမြတ် ကာဘလာမြို့(Karbala)၌ လူအုပ်ပိမိမှုတစ်ခုအတွင်း စက်တင်ဘာ ၁ဝ ရက်တွင် အနည်းဆုံး ရှီယိုက်ဘုရားဖူး ၃၁ ဦးသေဆုံးပြီး အခြား ၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ကဘူးလ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် ယနေ့( စက်တင်ဘာ ၁၁ ရက် ) နံနက်အစောပိုင်းတွင် အလွန်ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိမ်ကမ်းမြို့နယ်၊ စက်မှုဇုန် ၁ ရှိ ဖယောင်းပွဲရုံတစ်ခု Level 4 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် မီးကြွင်းမီးကျန်အား ငြှိမ်းသတ်လျက်ကြောင်း ထိုမီးလောင်မှုဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့ဝင် ၁၂ဦး နှင့် အရပ်သား ၄ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟုမီးသတ်တပ်ဖွဲ့ ကို...