Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိမ်ကမ်းမြို့နယ်၊ စက်မှုဇုန် ၁ ရှိ ဖယောင်းပွဲရုံတစ်ခု Level 4 အဆင့် မီးလောင်မှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး နှင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိ


ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိမ်ကမ်းမြို့နယ်၊ စက်မှုဇုန် ၁ ရှိ ဖယောင်းပွဲရုံတစ်ခု Level 4 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် မီးကြွင်းမီးကျန်အား ငြှိမ်းသတ်လျက်ကြောင်း ထိုမီးလောင်မှုဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့ဝင် ၁၂ဦး နှင့် အရပ်သား ၄ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟုမီးသတ်တပ်ဖွဲ့ ကို ကနဦးသတင်းရရှိထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှ ဆင်ဟွာကို ပြောသည်။

“နောက်ဆုံးအခြေအနေ ကတော့ Level 4 နဲ့ငြှိမ်းသတ်ဆဲဖြစ်တယ်။ မီးကိုဘေးစက်ရုံတွေ ပတ်ဝန်းကျင်တွေ ကူးစက်ပြန့်နှံမှုမရှိအောင် ထိန်းထားနိုင်တယ်။ ဖယောင်းဆိုတော့မီးက တော်တော်နဲ့ ငြိမ်းမှာ မဟုတ်ဘူး။ ရေနဲ့ ငြိမ်းလို့မရဘူး Foam ဆေးရည် နဲ့ ငြှိမ်းရတာ။ တစ်ခြားစက်ရုံတွေကို မကူးအောင်၊ ပေပါတွေ ကို လည်း မီးမကူးအောင်ထိန်းထားနိုင်ပါတယ်။ လက်ရှိမှာ မီးငြိမ်းသတ်ဆဲအချိန်ပါ။’’ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှ ဦးစီးအရာရှိ ဦးအောင်မျိုးထွန်း က ဆင်ဟွာကိုပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

ဖယောင်း အရည်ပျော်တော့ ပျော်သည့် နောက်ကို မီးလိုက်လောင်သည့် အတွက် မီးလောင်ချိန် ကြာမြင့်ရခြင်း ဖြစ်ကြောင်း သိရသည်။

ည ရး၀၅ နာရီ တွင် level 1 ယာဉ်များ ထွက်ခွါခဲ့ပြီး ည ရး၅၀ နာရီ တွင် level 4 အဆင့် သတ်မှတ် ၍ မီးသတ်ကားအစီး ၅၀ ကျော်ဖြင့် ထွက်ခွါ ငြိမ်းသတ်ခဲ့ပြီး ည၉း၄၀ နာရီ တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

ယခုမီးလောင်မှုဖြစ်စဉ်တွင် သေဆုံးသူမရှိကြောင်း သိရသည်။ (Xinhua)