Connect with us

Politics, Law & Military

ပြည်သူ့စစ်များကို စစ်ရေးလိုအပ်ချက်အရ ဖွဲ့စည်းထားခြင်း ဟုဆို

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြေကြားနေစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ပြည်သူ့စစ်များကို တပ်မတော်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ရပ်ကွက် ကျေးရွာ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင့် စသည့် အချက်အခြာကျသော နေရာများတွင် စစ်ရေးလိုအပ် ချက် အရ ပြည်သူ့စစ်ဌာနေ အဖွဲ့များ ဖွဲ့စည်းထားရှိသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“ပြည်တွင်း၊ ပြည်ပ စစ်နှင့် အရေးအခင်းများနှင့် ရင်ဆိုင်ရချိန်မှာ တပ်မတော်နှင့် လက်တွဲ၍ စစ်ရေး အင်အားအဖြစ် ရပ်တည်သွားရမယ့် တိုက်ခိုက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးအင်အားများလည်း ဖြစ်ကြပါတယ်။ ပြည်သူ့စစ်ဖွဲ့စည်းမှုသည် စစ်နှင့် အရေးအခင်းများ ပေါ်ပေါက်လာမှသာ အရေးပေါ် ဖွဲ့စည်းရမည့် အဖွဲ့အစည်းမျိုး မဟုတ်ဘဲ အမျိုးသားကာကွယ်ရေးကို အစဉ်ထိန်းသိမ်းထားပြီး အချိန် မရွေး အသင့်ဖြစ်နေစေရန် ဖွဲ့စည်းလေ့ ကျင့်ထားရမယ့် အဖွဲ့အစည်းများဖြစ်ပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ပေါင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း မေးမြန်းနေစဉ်။

ပေါင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၏ အမေးကို ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့စစ်ဆိုသည်မှာ အမိနိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လုံခြုံရေးကို မိမိကိုယ် တိုင်ကာကွယ်ဆောင်ရွက်ရမည်ဟု ပြည်သူလူထုတစ်ရပ်လုံးက သဘောပေါက်၊ နိုးကြားတက်ကြွစွာ အသိနှင့် ယှဉ်၍ ပါဝင်ဆောင်ရွက်မှုပင်ဖြစ်ကြောင်း တိုင်းရင်းသား ပြည်သူလူထု အတွင်းမှာ စည်းရုံးဖွဲ့စည်းထားသော ပြည်သူ့စစ်အဖွဲ့ဝင်များသည် အေးချမ်းသည့်အချိန်၌ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ရေးအင်အား၊ လူမှုရေး အင်အားများ ဖြစ်ပြီး မြို့နယ် ကျေးရွာများ၌ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ရသူများ ဖြစ်ကြောင်း၊ ၎င်း အဖွဲ့များသည် နယ်မြေလုံခြုံရေး၊ ဆက်သွယ်ရေးလမ်းကြောင်းလုံခြုံရေး၊ တံတား၊ လျှပ်စစ်တာဝါတိုင်နှင့် စက်ရုံ အလုပ်ရုံ စသည့် လုပ်ငန်းတွင် သတ္တုတွင်းနယ်မြေ၊ သစ်တောကြိုးဝိုင်း နယ်မြေ စသည်များ၏ လုံ ခြုံရေးကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရပ်ဖက်အုပ်ချုပ်ရေး အဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းတွင် ပြည်သူ့စစ် ဌာနေအဖွဲ့များ ဖွဲ့စည်းထားရခြင်းမှာ ပြည်တွင်းလက် နက်ကိုင် သောင်းကျန်းမှုအန္တရာယ်အတွက် ရေတိုရည်မှန်းချက်အရ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရေရှည် တွင် ပြည်သူ တစ်ရပ်လုံးက မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်သည့် ပြည်သူ့စစ် မဟာဗျူဟာ အစီ အမံ၏ အစိတ်အပိုင်းအဖြစ် ပါဝင်ဆောင်ရွက်နိုင်မည့် ပြည်သူ့စစ်ဌာနေအဖွဲ့များအဖြစ် ဖွဲ့စည်းထား ရှိခြင်းပဲဖြစ်ကြောင်း၊ ဖွဲ့စည်းထားရှိသော ပြည်သူ့စစ်ဌာနေအဖွဲ့အစည်းများသည် တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ရင်းတပ်ဖွဲ့ များက ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ လက်နက် တပ်ဆင်ရေးနှင့် တာဝန်ခွဲဝေ သတ်မှတ်ပေးရေးအပိုင်းတို့ကို တာဝန် ယူဆောင်ရွက်လျှက်ရှိပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်ရုံးများက ၎င်းတို့ နယ်မြေ၌ ဖွဲ့စည်းထားသော ပြည်သူ့စစ် အဖွဲ့အစည်းများအား ကြီးကြပ်ကွပ်ကဲပြီး တစ်နိင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့စစ်နယ်ခြားတပ်များ ညွှန်ကြားရေးမှုးရုံးက ကြီးကြပ် ကွပ်ကဲ လျက်ရှိပါကြောင်းလည်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးကရှင်းလင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.