တီရာနာ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) အယ်လ်ဘေးနီးယားနိုင်ငံ ရေတပ်မှ “Briza” အမည်ရှိ သင်္ဘော သည် သင်္ဘောပဲ့ကိုင်တွင် ချို့ယွင်းချက်ရှိနေသော ဂျာမနီရွက်သင်္ဘောတစ်စီးအား Durres ဆိပ်ကမ်းသို့ ကူညီဆွဲယူပေးခဲ့ကြောင်း အယ်လ်ဘေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၇,၂၅ဝ နှင့် ရွှေထည်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ သမ္မတ Nicolas Maduro Moros သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ရန်ကုန် စာတိုက်ကြီး နှစ်(၁၁ဝ)ပြည့် အထိမ်းအမှတ် အဖြစ် ငွေကျပ် ၂ဝဝ တန် အထူးထုတ် တံဆိပ်ခေါင်း တစ်မျိုးအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ စက်တင်ဘာ ၂ဝ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး၊...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၆) မှ (၄၇) ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ သံသယရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားပြီး သေဆုံးမှုများအား ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း၊ မဒေါက်မြို့ အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တူမီးသေနတ်တစ်လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးကိုက်မှုကြောင့် ၁၅ ဦး(ကျား ၁၀၊ မ ၅)ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မနီလာ ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်း Kalinga ပြည်နယ် တွင် စက်တင်ဘာ ၁၁ ရက် ၌ ဆိုးရွားသော ယာဉ်မတော်တဆမှု တစ်ရပ် ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၃ ဦး သေဆုံး...