Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ် ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ တောင်ပြိုမှုကြောင့် လူ ၁၀ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိ


ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် လူ ၁၀ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

လက်ရှိအချိန်ထိ မြေပြိုကျမှုကြောင့် သေဆုံးသူဦးရေမှာ ကျား(၅)ဦး၊ မ(၅)ဦးနှင့် ဒဏ်ရာရရှိသူ (၂၇)ဦးစာရင်းကောက်ခံရရှိထားကြောင်း၊ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေလျက်ရှိကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်စောင်းမြေပြိုကျ၍ နေအိမ်ဆယ်လုံးခန့် မြေကြီးပိကာ မိသားစုဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးသူများလည်း ရှိကြောင်း၊ အဆိုပါ လူနာများအား ရှာဖွေကယ်ဆယ်ရေးများပြုလုပ်ပြီး

ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ် မုကျိကျေးရွာ၌ တောင်ပြိုကျမှုအားတွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိတွင် ပေါင်မြို့နယ်အတွင်းရှိ ရေဝင်နေသော စာသင်ကျောင်းများကို ယာယီပိတ်ထားကြောင်းနှင့် မိုးများပြီး ကားလမ်းများ ရေကျော်မှုကြောင့် သံလွင်တံတား (မော်လမြိုင်)ကိုလည်း ယာယီ ပိတ်ထားကြောင်း သိရသည်။

ယနေ့ သြဂုတ် ၉ ရက်တွင် မွန်ပြည်နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောနှင့် ရေးမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117