ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို မိုဘိုင်းပေးမင့် (Mobile Payment) များအသုံးပြု၍ ထုတ်ယူနိုင်သကဲ့သို့ ဘဏ်ခွဲ ၂၈၁ ခုတွင် Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။
တီဟီရန် ၊ မေ ၂၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံတွင် ထိပ်တန်းလျှို့ဝှက်လက်နက်သစ်နှစ်မျိုးရှိကြောင်း နှင့် ယင်းအားအသုံးပြု၍ အမေရိကန်စစ်သင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဟု အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) တပ်မှူးချုပ်၏ အကြံပေးဖြစ်သူ တစ်ဦးက မေ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ဆောင်ရွက်လျက်ရှိသော ကြိုးကြာခေါင်းနီ ထိန်းသိမ်းရေးနှင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သုံးနှစ်အတွင်း မှတ်တမ်း တင်နိုင်မှု အကောင်ရေ ၂၀၀ ခန့် တိုးလာကြောင်း သိရသည်။
ဂျကာတာ၊ မေ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းရှိ Agung မီးတောင်သည် မေလ ၂၄ ရက်က ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာနှင့် ချော်ရည်ပူများ မီးတောင်ဝမှ ၃ ကီလိုမီတာအကွာထိ မှုတ်ထုတ်နေခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောခဲ့သည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၁၉ ခုနှစ် မေလ ၂၂ မှ ၂၄ ရက်နေ့အထိ ကျင်းပခဲ့သော ကိုရီးယားအသေးစားအလတ်စားလုပ်ငန်းများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှီးနှောဖလှယ်ပွဲ...
ဘန်ကောက်၊ မေ ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ၏ အမျိုးသားဥပဒေပြုဥက္ကဋ္ဌဟောင်း ဖြစ်သူ Pornpetch Wichitcholchai အား အထက်လွှတ်တော်ဥက္ကဋ္ဌ အဖြစ်အမည်စာရင်းတင်သွင်းခဲ့ ကြောင်း သိရသည်။
တိုကျို၊ မေ ၂၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ပိုင်း ချီဘားစီရင်စုတွင် အင်အား ၅.၁ ရှိသော ငလျင်တစ်ခု မေလ ၂၅ ရက်က လှုပ်ရှားသွားကြောင်း ဂျပန် မိုးလေဝသအေဂျင်စီ (JMA) က ပြောခဲ့သည်။
နယူးဒေလီ၊ မေ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မီးလောင်မှုကြီးဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက် ၁၈ ဦးအထိရှိလာပြီဖြစ်ပြီး ဒဏ်ရာရသူ ၅ ဦးမှာ ဆေးရုံသို့ပို့ဆောင်ထားပြီးဖြစ်ကြောင်း အဆင့်မြင့် မီးသတ်အရာရှိတစ်ဦးက မေလ ၂၄ ရက်တွင် ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။
ကာရာကာ့စ်၊ မေ ၂၅ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် မေလ ၂၄ ရက်က ဆူပူမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး အကျဉ်းသား ၂၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာသတင်းများအရ သိရသည်။
ပဲရစ် ၊ မေ ၂၅ ရက် (ဆင်ဟွာ) ပြင်သစ် နိုင်ငံ အရှေ့တောင်ပိုင်း ရှိ Lyon မြို့ တွင် မေလ ၂၄ ရက် ညနေပိုင်း အချိန်တွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး...