Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံအကြား မြန်နှုန်းမြင့်ရထားလမ်း ပထမအဆင့် ၏ဒီဇိုင်းရေး ဆွဲပြီးစီး။

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ဆက်သွယ်ဖောက်လုပ်မည့် အရှည် ၂၅၂ ဒသမ ၃ ကီလိုမီတာရှိ မြန်နှုန်းမြင့်ရထားလမ်း ပုံစံဒီဇိုင်းကို တွေ့ ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ဆက်သွယ်ဖောက်လုပ်မည့် အရှည် ၂၅၂ ဒသမ ၃ ကီလိုမီတာရှိ မြန်နှုန်းမြင့်ရထားလမ်းပထမအဆင့်၏အင်ဂျင်နီယာပိုင်းဆိုင်ရာအသေးစိတ်ဒီဇိုင်းကိုတရုတ်နိုင်ငံရထား လမ်းဒီဇိုင်းကော်ပိုရေးရှင်း(CRDC)ကရေးဆွဲပြီးစီးပြီးဖြစ်ကြောင်းဇူလိုင်လ ၂၃ ရက်က ဆင်ဟွာသတင်း သို့ပြောကြားခဲ့သည်ဟုသိရသည်။

အဆိုပါရထားလမ်းက ရပ်ဝန်းနှင့်ပိုးလမ်းမမူပေါင် အရနှစ်နိုင်ငံအကြား ဆက်သွယ် အကောင်အထည် ဖော်မည့်အဓိကစီမံကိန်းများအနက်တစ်ခုဖြစ်ပြီး စီမံကိန်းပထမအဆင့်တွင် ထိုင်းမြို့တော်ဘန်ကောက် မြို့မှ နိုင်ငံအရှေ့မြောက်ဘက် နာခွန် ရတ်ချာဆီမာပြည်နယ ်(Nakhon Ratchasima) သို့ဆက်သွယ် ဖောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။

CRDC က ထိုင်းနိုင်ငံ၏ အဆိုပါ ပထမဆုံးမြန်နှုန်းမြင့်ရထားလမ်း ၏လမ်းကြောင်းကိုဆုံးဖြတ်နိုင်ရေးအ တွက်ထိုင်းနိုင်ငံပိုင်ရထားဌာန (SRT)နှင့်အနီးကပ်ဆောင်ရွက်ခဲ့ကြောင်းနှင့်၎င်း၏နည်းပညာရှင်များနှင့် ကျွမ်းကျင်သူများကိုလည်းအင်ဂျင်နီယာပိုင်းဆိုင်ရာအသေးစိတ်ဒီဇိုင်းရေးဆွဲရေးကြိုတင်ပြင်ဆင်နိုင်ရန် စေလွှတ်ဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့်ထိုင်းနိုင်ငံ အစိုးရများအကြား ရထားလမ်းတည်ဆောက်ရေး နားလည်မှုစာချွန်လွှာကို ၂၀၁၄ ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့ကြကာ ရထားလမ်းစီမံကိန်းပထမအဆင့် တည်ဆောက်မှုအား၎င်း ၏ ၃ ဒသမ ၅ ကီလိုမီတာရှိလမ်းပိုင်းကို ၂၀၁၇ ခုနှစ်၊ဒီဇင်ဘာလတွင်ဖောက်လုပ်ခဲ့ခြင်းဖြင့် စတင်အ ကောင်အထည်ဖော်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.