ရန်ကုန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) မြန်မာ နှင့် တရုတ် လူငယ်များ ပူးပေါင်း ဆောင်ရွက် ဖန်တီးထားသည့် “အနာဂတ်၏မျိုးဆက်သစ်” မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်သော မှတ်တမ်း ရုပ်ရှင်ပြပွဲအား ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပခဲ့သည်။
ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အင်တာနက်မှတစ်ဆင့် အချက်အလက်များ ပိုမိုရရှိရန် မော်ကွန်းတိုက်ဆိုင်ရာ အမျိုးသား အွန်လိုင်းပလက်ဖောင်းတစ်ခု တည်ထောင်ရန် စတင်မည် ဖြစ်ကြောင်း မော်ကွန်းတိုက်များဆိုင်ရာ တာဝန်ရှိသူတစ်ဦးက မတ်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။
နယူးဒေလီ၊ မတ် ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့စွန်တွင် မတ်လ ၂၉ ရက် နံနက်ပိုင်းက ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီး ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြားသူ ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်အတွင်း ကျပ် သိန်း ၃၀၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကာရာကပ်စ်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒို(Juan Guaido)သည် ၎င်း၏ ဘဏ္ဍာရေးမှတ်တမ်းများ မဟုတ်မမှန်ပြသမှုအား စစ်ဆေးပြီးနောက်ပိုင်း အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ကို ၁၅ နှစ် ရပ်ဆိုင်းလိုက်ကြောင်း ဗင်နီဇွဲလားနိုင်ငံ၏ ငွေကြေးဆိုင်ရာ အထွေထွေအရာရှိချုပ် Elvis Amoroso က မတ် ၂၈...
ရီယိုဒီဂျနေးရိုး၊ မတ် ၂၉ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတဟောင်း မစ်ချယ် တီမာ (Michel Temer) သည် အကျင့်ပျက်ခြစားမှုတစ်ခု စုံစမ်းစစ်ဆေးရာ၌ အဖမ်းခံရပြီး တစ်ပတ်အကြာတွင် ဒုတိယမြောက်အမှုတစ်ခုအတွက် မတ်လ ၂၈ ရက်တွင် စွဲချက်တင်ခံခဲ့ရကြောင်း သိရသည်။
ကာရာကာ့စ် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား နိုင်ငံ၏ အမျိုးသား လျှပ်စစ် ဓာတ်အား စနစ်အား ယခုလအတွင်း တိုက်ခိုက်ခံခဲ့ရပြီးနောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း အဆင့် အသစ် တစ်ခုအား စတင်ခဲ့ကြောင်း ဗင်နီဇွဲလား ဆက်သွယ်ရေး ဝန်ကြီး Jorge Rodriguez က...
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် မတ် ၂၈ ရက် နံနက်ပိုင်းက အစာအဆိပ်သင့်ပြီး လူ ၁၈ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်အား ယနေ့ နံနက် ၇နာရီ ခွဲက ဓားပြတိုက်ခဲ့ရာ ငွေကျပ်သိန်း ၂၉၀၀ ခန့်တန်ဖိုးရှိ ရွှေထည်မျိုးစုံ စိန်ထည်ပစ္စည်းများနှင့် ထိုင်းဘတ်ငွေများကို ဓားပြတိုက်သူများက ယူဆောင်သွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...
နေပြည်တော်၊ မတ်လ ၂၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ရေး အဖွဲ့(NSSA:_ National Skills Standards Authoruty) သည် ၎င်း၏ Quality Management System လုပ်ငန်းစဉ်အတွက် ISO 9001 : 2015 ကို ရရှိခဲ့ရာ...